ဖောက်ခွဲရေးပစ္စည်းများ သွားရောက်သယ်ဆောင်မည့် ကားကို လုံခြုံရေးတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖောက်ခွဲရေးပစ္စည်းများ သွားရောက်သယ်ဆောင်မည့် ကားကို လုံခြုံရေးတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရ



MNP ၊ ဖေဖော်ဝါရီ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ် ခြောက်ကွေ့မီးပွိင့်အနီး၌ ဖေဖော်ဝါရီ ၂၁ ရက်၊ မွန်းလွဲ ၁ နာရီအချိန်ခန့်တွင် ဖောက်ခွဲရေးပစ္စည်းများ သယ်ဆောင်လာသော ကားတစ်စီးကို အတွင်းလူများ၏ အတိအကျ သတင်းပေးပို့မှုအရ လုံခြုံရေးတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးခဲ့ရာ ကားနှင့်အတူ အကြမ်းဖက်သမား ၁ ဦးကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီရမိသူ အကြမ်းဖက်သမားမှာ Myanamar Underground People Defense Force -MUPDF ဟုအမည်ပေးထားသည့် အကြမ်းဖက်အဖွဲ့မှဖြစ်ပြီး URF အကြမ်းဖက်အဖွဲ့မှ ပေးပိုမည့် ဖောက်ခွဲရေးပစ္စည်းများကို သွားရောက်ယူဆောင်စဉ် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

ဖြစ်စဉ်အတွင်း အများပြည်သူ ထိခိုက်မှုမရှိအောင် လုံခြုံရေးတပ်ဖွဲ့မှ သတိထားဆောင်ရွက်ခဲ့သဖြင့် ဖမ်းမိသူနှင့် အတူပါလာသည့် အကြမ်းဖက်သမားအချို့မှာ ထွက်ပြေးလွတ်မြောက်သွားခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲဝင်များက ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)