သာပေါင်းမြို့နယ်၌ ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်း အမှတ်စဉ် (၃/၂၀၂၃)စတင်ဖွင့်လှစ် သင်ကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာပေါင်းမြို့နယ်၌ ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်း အမှတ်စဉ် (၃/၂၀၂၃)စတင်ဖွင့်လှစ် သင်ကြား



MNP   -    ဖေဖော်ဝါရီ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၌ သာပေါင်းမြို့နယ် ကြက်ခြေနီ အသင်းခွဲနှင့် တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေး မိတ်ဆွေ များအသင်းတို့ ပူးပေါင်းဖွင့်လှစ်သော ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းများကို ယမန်နေ့ နံနက် ၉ နာရီအချိန်က လှေကြီးတက် ကျေးရွာအုပ်စု၊ လှေကြီးတတ်ကျေးရွာ၊ ရွှေရတနာပုံ ကျောင်းတိုက်ရှိဓမ္မာရုံတွင် စတင်ဖွင့်လှစ်ခဲ့သည်။


မြို့နယ်ကြက်ခြေနီအသင်းခွဲ တပ်ဖွဲ့မှူး ဦးသက်ညီညီမင်းက သင်တန်းဖွင့်လှစ်ရသော ရည်ရွယ် ချက်၊ သင်ကြားမည့်ဘာသာရပ်များနှင့် သင်တန်းစည်းကမ်းချက်များကို  ရှင်းလင်းပြောကြားပြီး မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ နည်းပြဆရာ၊ ဆရာမများက မိတ်ဆက်ခြင်းဖြင့် သင်တန်းကို စတင်ဖွင့်လှစ်ခဲ့ပြီး သင်တန်းသို့ ဝါးတော၊ ကဇင်းတော၊ တောင်ထန်း၊ ပျဉ်းမထုံး၊ ဘောတလင်းကုန်းနှင့် ကွမ်းခြံကုန်းကျေးရွာတို့မှ သင်တန်းသား၊ သင်တန်းသူ (၂၄)ဦးတို့ တက်ရောက်ကြပြီး ရပ်ရွာအတွင်း မတော်တဆထိခိုက်မှုများကို ရှေးဦးပြုစုခြင်းပညာရပ်ဖြင့် ကူညီစောင့်ရှောက်ပေးနိုင်ရန် ရည်ရွယ်၍ (၂၂၊ ၂၊ ၂၀၂၃) မှ (၂၄၊ ၂၊ ၂၀၂၃)ရက်နေ့အထိ ဖွင့်လှစ်သွားရန် စီစဉ်ထားရှိကြောင်း သိရသည်။


မျိုးဇော်သိန်း 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)