စဉ့်ကူးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများ ထုတ်ပေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စဉ့်ကူးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများ ထုတ်ပေ



MNP  -    ဖေဖော်ဝါရီ   ၂၄

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းထားသည့် ကျောင်းသား၊ ကျောင်းသူများအား တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ စတင်ကာ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။


စဉ့်ကူးမြို့နယ်တွင် ရွှေပြည်စာစစ်ဌာနနှင့် စဉ့်ကူးစာစစ်ဌာန ဟူ၍ စာစစ်ဌာန (၂)ခု ဖွင့်လှစ်သွားမည်ဖြစ်ပြီး အဆိုပါ စာစစ်ဌာန(၂)ခုလုံးသည် အထက(စဉ့်ကူး) ကျောင်းတွင် ဖြေဆိုရမည်ဖြစ်သည်။


စဉ့်ကူးမြို့နယ်အတွင်း အခြေခံပညာအထက်တန်းကျောင်း (၈)ကျောင်းနှင့် အထက်တန်း ကျောင်းခွဲ (၁၀) ကျောင်းရှိရာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၌ တက္ကသိုလ်ဝင်စာမေးပွဲ၌ ဝင်ရောက်ဖြေဆိုရန် စာရင်းပေး သွင်းထားသူ (၃၆၅) ဦးရှိကြောင်း စဉ့်ကူးမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။


တင်ဇာလွင် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)