ရမ်းဗြဲမြို့၊ မြို့တည်ဆုတောင်းပြည့်တန့်ရှင်ပင်စေတီတော်မြတ်ကြီး အဌမအကြိမ်မြောက် အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမ်းဗြဲမြို့၊ မြို့တည်ဆုတောင်းပြည့်တန့်ရှင်ပင်စေတီတော်မြတ်ကြီး အဌမအကြိမ်မြောက် အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲကျင်းပ





MNP  -  ဖေဖေါ်ဝါရီ   ၁

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏စီစဉ်ဆောင်ရွက်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများစုပေါင်း၍ မြို့တည်ဆုတောင်းပြည့်တန့်ရှင်ပင်စေတီတော်မြတ်ကြီး၌  အဌမအကြိမ်မြောက်အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က တန့်ရှင်ပင်စေတီတော်မြတ်ကြီး၏ရင်ပြင်၌ ရွတ်ဖတ်ပူဇော်ကြသည်။


မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲသို့  မြို့နယ်သံဃနာယကဥက္ကဌ ရွာပုလဲဆရာတော်ဘုရားကြီးနှင့် မြို့ပေါ်ရှိကျောင်းတိုက်အသီးသီးမှ ဆရာတော်ကြီးများနှင့်သံဃာတော်များမြို့နယ်စီမံအုပ်ချုရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များဌာနဆိုင်ရာများ မြို့မိမြို့ဖများလူမှုရေးအသင်းအဖွဲ့များ၊ ဂေါပကအဖွဲ့ဝင်များနှင့်မြို့ပေါ်ရှိပြည်သူများတက်ရောက်ခဲ့ကြသည်။


ရှေ့ဦးစွာ တက်ရောက်လာသူများမှ နမောတဿ သုံးကြီမ်ရွတ်ဆိုဘုရားကန်တော့ကြပြီးနောက်    မြို့နယ်သံဃနာယကဥက္ကဌရွာပုလဲဆရာတော်ဘုရားကြီးထံမှငါးပါးသီခံယူဆောက်တည်ကြသည်။


၎င်းနောက် အောင်ဆုပန်ဆရာတော်ဘုရားထံမှ ဩဝါဒခံယူကြသည်။


ဆက်လက်ပြီး သံဃာတော်အရှင်သူမြတ်များက နတ်ဗြဟ္မာများပင့်ဖိတ်ခြင်းနှင့် မဟာပဌာန်းအဖွင့်ဂါထာတော်များရွတ်ဖတ်သရဇျ္စာယ်ကြပြီးနောက် အသံမစဲမဟာပဌာန်းကိုရွတ်ဖတ်ပူဇာ်ကြသည်။


အဆိုပါ  အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲကို  (၁-၂-၂၀၂၃) ရက်နေ့မှ (၄-၂-၂၀၂၃) ရက်နေ့ထိ ရွတ်ပူဇော်သွားမည်ဖြစ်ကြောင်းသိရသည်။


အောင်နိုင် 

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)