ပုဇွန်တောင်မြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း မီးဘေးလုံခြုံရေးအသိပေးနှိုးဆော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဇွန်တောင်မြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း မီးဘေးလုံခြုံရေးအသိပေးနှိုးဆော်


MNP   -  ဖေဖော်ဝါရီ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်အတွင်း မီးဘေးလုံခြုံရေးအတွက် ယမန်နေ့ညနေပိုင်းက ပုဇွန်တောင်မြို့နယ် မြို့နယ်မီးသတ်ဦးစီးဌာမှ မြို့နယ်အတွင်း လှည့်လည်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလိုက်လံနှိုးဆော်ပေးခဲ့ကြောင်း သိရသည်။


ထိုသို့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်လင်းဦး၏ လမ်းညွှန်မှုဖြင့် မြို့နယ်မီးသတ်စခန်းမှ ဒု-မီးသတ်ဦးစီးမှူး ဦးမျိုးဝင်းသူခေါင်းဆောင်သည့် တပ်ဖွဲ့ဝင်များမှ မြို့နယ်အတွင်းရှိ ရပ်ကွက် (၁၀) ရပ်ကွက်တွင် နေထိုင်သူပြည်သူများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရေး အတွက် အသိပေးနှိုးဆော်ရာတွင်  မိမိတို့နေအိမ် ပတ်ဝန်းကျင်တွင် လောင်စာအမှိုက်များအား ရှင်းလင်းထားရန်၊ မီးဖိုများကို လုံခြုံစိတ်ချရအောင် သွပ်ပြားများ ကာရံအသုံးပြုကြရန်၊ မီးဖိုအနီးတွင် လောင်စာပစ္စည်းများမထားရှိရန်၊ ဖယောင်းတိုင် မီး၊ အမွှေးတိုင်မီးနှင့် ခြင်ဆေးခွေမီးများကို မီးမလောင်စေနိုင်သည့် ပစ္စည်းများအပေါ်တင်၍ အသုံးပြုကြရန်၊ မီးဖိုမီးနှင့်အခြားမီးများ အသုံးပြုလျှင်လည်း သတိနှင့်အသုံးပြုကြရန်၊ အသုံးပြုပြီးလျှင် သေချာစွာငြိမ်းသတ်ခဲ့ရန်၊ လျှပ်စစ်မီးအသုံးပြုပါက ပျက်စီးယိုယွင်းနေသော မီးဘေးအန္တရာယ် ဖြစ်ပေါ်စေနိုင်သည့်ပစ္စည်းများကို အသုံးမပြုကြရန်၊ လျှပ်စစ်မီးအသုံးပြုပြီးလျှင် မီးခလုတ်၊ မီးပလပ်များပိတ်ရန်ဖြုတ်ရန်၊ အပြင်ထွက်သည့် အချိန်တွင် မိမိတို့နေအိမ်၌ အသုံးပြုသည့်မီးများကို သေချာစွာစိစစ်ပြီးမှ သွားလာကြရန် သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များ အား မီးကိုအသုံးမပြုစေရန်၊ မီးငြိမ်းသတ်ရေးပစ္စည်းများဖြစ်သည့် မီးသတ်ဆေးဘူး၊ မီးချိတ်၊ မီးကပ်၊ ရေပုံး သဲပုံးများ အသင့်ထားရှိရန်၊ လောင်စာဆီများ စည်းကမ်းမဲ့ သိုလှောင်အသုံးပြုခြင်း၊ ရောင်းချခြင်းများ မပြုလုပ်ကြရန်နှင့် မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက အရေးပေါ်ဖုန်း ၁၉၁၊ ပုဇွန်တောင်မြို့နယ် မီးသတ်စခန်း ဖုန်းနံပါတ် ၀၁.၈၂၀၄၃၅၂ များသို့ ချက်ချင်းဆက်သွယ်သတင်းပို့ရန် စသည်ဖြင့် အသိပေးနှိုးဆော် ပေးခဲ့သည်။ 


မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း မီးဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် စက်သုံးဆီဆိုင်များ စစ်ဆေးခြင်း၊ ဌာနဆိုင်ရာများနှင့်ဈေးများတွင် မီးသုံးစွဲမှုများအား စစ်ဆေးဆောင်ရွက်ခြင်းနှင့် လက်တွေ့သရုပ်ပြ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ဟန်စုယဉ်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)