ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်တာဝန်ရှိသူများရွှေတောင်မြို့ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအားကွင်းဆင်း ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်တာဝန်ရှိသူများရွှေတောင်မြို့ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအားကွင်းဆင်း ကြည့်ရှုစစ်ဆေး






MNP  -   ဖေဖော်ဝါရီ ၂၃

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့်တာဝန်ရှိသူများသည်  ယမန်နေ့ နံနက်ပိုင်းက ရွှေတောင်မြို့နယ် ကြို့ကုန်းကျေးရွာအုပ်စု၊ ဒေါင်းဇွန်ကျေးရွာ ကွင်းအမှတ်( ၄၂၁) မင်းရွာကွင်း နွေစပါး Drum Seeder ဧက ( ၁၀၀) စံပြ ကွက်စိုက်ပျိုးထားရှိမှုအခြေအနေနှင့် Ten Roll Seederဖြင့် စိုက်ပျိုးနေမှုအခြေအနေများ၊ ဝါးတောကျေးရွာအုပ်စု၊ ဖားအိုင့်ကျေးရွာရှိ ဦးစိုးမင်းထွန်း၏ အသားတိုးမွေးမြူရေးဝက်ခြံတွင် ဝက်ကောင်ရေ ( ၁၂၀) မွေးမြူထားရှိမှုအခြေအနေများ၊ကံသုံးဆင့်ကျေးရွာအုပ်စု၊ ကွင်းအမှတ် ( ၄၇၉) ရွာကုန်းရှိ မြေဧက ( ၁၀၀) ပေါ်တွင် မွေးမြူရေး နှင့်ကုသရေးဦးစီးဌာနမှ အသေးစားမွေးမြူရေးဇုန် အကောင်ထည်ဖော်ဆောင်ရွက်နိုင်ရေး မြေနေရာလျာထားရွေးချယ်ထားရှိမှုအခြေအနေများအားကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး မယားမာန်ကျေးရွာအုပ်စု၊ သမိုင်းဝင်ရွှေနတ်တောင်စေတီတော်မြတ်ကြီး ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းနေမှုအခြေအနေနှင့်နှစ်ထပ်စိန်ဖူးတော်မြတ်ကြီးအား ဖူးမျှော်ကြည်ညိုခဲ့ပြီး ဂေါပကအဖွဲ့သို့ အလှူငွေကျပ် သိန်း ( ၂၀) လှူဒါန်းခဲ့သည်။


ထို့နောက် ကြာနီကန် ရပ်ကွက်၊ အထက ရွှေတောင်ကျောင်းဝန်းအတွင်း အစိုးရနည်းပညာအထက်တန်းကျောင်း၊ စိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းဆောက်လုပ်နေမှုအခြေအနေ

နှင့် နွားမယံကျေးရွာအုပ်စု ၊ပုရပိုက်တန်းကျေးရွာ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေ ( ၄၈၆.၀၀) ကျပ်သန်းဖြင့် တင်ဒါအောင်မြင်ခဲ့ပြီး လုပ်ပိုင်ခွင့်ရရှိခဲ့သည့် Myanmar Land Co. Ltd မှအကောင်ထည်ဖော်ဆောင်ရွက်ဆောင်ရွက်လျက်ရှိသည့် ရွှေတောင်ရေလမ်းကောင်းမွန်ရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ရာ တိုင်းအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊သက်ဆိုင်ရာဌာနဆိုင်ရာအကြီးအကဲများ လိုက်ပါကွင်းဆင်းခဲ့ပြီး လုပ်ငန်းတစ်ခုချင်းစီအလိုက် အကောင်အထည်ဖော်ဆောင်ရွက်နေမှုများနှင့်ထပ်မံဆောင်ရွက်မှုအခြေအနေများကိုရှင်းလင်းတင်ပြရာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းကလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။


ကိုကိုမင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)