နိုင်ငံ့စီးပွားမြှင့်တင်ရေး ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ(၂/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံ့စီးပွားမြှင့်တင်ရေး ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ(၂/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


MNP  -   ဖေဖော်ဝါရီ ၂

ကရင်ပြည်နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေး ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ၏(၁/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်ခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။


အစည်းအဝေးတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများ တိုးပွားလာစေရေးအတွက် အမှန်တကယ်လုပ်ကိုင်နိုင်သူများကိုသာ စိစစ်ရွေးချယ်၍ အရင်းမပျောက်မတည်ရန်ပုံငွေများ ထုတ်ချေးပေးလျက်ရှိပြီး (၆)လပြည့်ပါကလည်း အတိုးနှုန်းပြန်လည်ကောက်ခံနိုင်ရန် ပြင်ဆင်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများအား ဒေသတစ်ခုလုံးဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်ထုတ်ချေးပေးခြင်းဖြစ်ပြီး လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ အကျိုးစီးပွားအတွက်မဟုတ်ဘဲ ရန်ပုံငွေဆိုင်ရာ စည်းမျဉ်း စည်းကမ်း၊ လုပ်ထုံး၊ လုပ်နည်းများအတိုင်း တိတိကျကျလိုက်နာဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။


ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသော ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက သက်ဆိုင်ရာဌာနများအလိုက် တောင်သူများ၊ လုပ်ငန်းရှင်များ ချေးငွေရယူလုပ်ငန်းဆောင်ရွက်မှုအခြေအနေ၊ တိုးတက်မှုအခြေအနေ၊ ချေးငွေရယူသီးနှံစိုက်ပျိုးပြီးစီးမှု၊ ရိတ်သိမ်းခြွေလှေ့ပြီးစီးမှုအခြေအနေ၊ သံလွင်အနောက်ခြမ်း မွေးမြူရေးတောင်သူများ၏ ဆီတ်၊ ကြက်၊ ဝက်၊ နွား မွေးမြူရေးဆိုင်ရာချေးငွေရယူလိုမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် အစည်းအဝေးသို့တက်ရောက်လာသော ခရိုင်အဆင့်ဌာနဆိုင်ရာများက သက်ဆိုင်ရာခရိုင်အလိုက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။


ရှင်းလင်းတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များက ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး လိုအပ်သည်များလမ်းညွှန်မှာကြားကာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


စောမျိုးမင်းသိန်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)