ပေါက်တောမြို့ရှိ ဦးမြဝါပန်းခြံတွင်အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းစာဖတ်၊ စာငှားပုံမှန်ဆောင်ရွက်ပေးခြင်းဖြင့် စာပေချစ်မြတ်နိုးသူများအတွက် အဆင်ပြေလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့ရှိ ဦးမြဝါပန်းခြံတွင်အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းစာဖတ်၊ စာငှားပုံမှန်ဆောင်ရွက်ပေးခြင်းဖြင့် စာပေချစ်မြတ်နိုးသူများအတွက် အဆင်ပြေလျက်ရှိ




MNP   -   ဖေဖော်ဝါရီ  ၈

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်၊ စာငှားအဆင်ပြေစေရေးနှင့် စာပေဖတ်ရှုမှုမြင့်မားရေးအတွက် ယနေ့ ညနေပိုင်းက ပေါက်တောမြို့ရှိ ဦးမြဝါပန်းခြံတွင် Mobile Library စနစ်ဖြင့်  စာဖတ်၊စာငှားစနစ်ဖြင့်ပုံမှန်ဆောင်ရွက်လျက်ရှိကြသည်။


 အဆိုပါ စာအုပ်စာစောင် ငှားရမ်းခြင်းကြောင့် စာပေဖတ်ရှုသူများအတွက် အချိန်ကုန် သက်သာခြင်းနှင့် မိမိဖတ်ရှုလိုသည့် စာအုပ်များကို အလွယ်တကူဖတ်ရှုနိုင်ခြင်းတို့ကြောင့် Mobile Library နစ်ဖြင့် စာအုပ်စာစောင် ငှားရမ်းခြင်း လုပ်ငန်းမှာ စာပေချစ်မြတ်နိုးသူများအတွက် အဆင်ပြေလျက်ရှိကြသည်။ 


ထို့ပြင် စာပေဖတ်ရှုမှုမြှင့်မားလာစေရေးနှင့် စာအုပ်စာပေမှ ဗဟုသုတရရှိစေရန်အတွက် ပေါက်တောမြို့ အတွင်းရှိ ဌာနဆိုင်ရာများနှင့် ရပ်ကွက်များသို့ သုတ၊ ရသ စာအုပ်စာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ ဝန်ထမ်းများက နယ်လှည့်ကွင်းဆင်း၍ ငှားရမ်းပေးလျက်ရှိကြသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)