ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်‌ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးဟိုပုံးမြို့ ထမနဲစုပေါင်းအလှူပွဲသို့ တက်ရောက်အားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်‌ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးဟိုပုံးမြို့ ထမနဲစုပေါင်းအလှူပွဲသို့ တက်ရောက်အားပေး


MNP   -   ဖေဖော်ဝါရီ ၄

တပို့တွဲလရောက်သည့်အခါသမယ၌ အနယ်နယ်အရပ်ရပ်ရှိ ဒေသခံပြည်သူများတို့က စုပေါင်းထမနဲထိုးလျက်ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီး‌၌ ယမန်နေ့မွန်းလွဲ ၅ နာရီက ဌာနဆိုင်ရာများ၊ စစ်မှုထမ်းဟောင်းအဖွဲ့၊ မြို့ပေါ်(၆)ရပ်ကွက်မှ ဒေသခံပြည်သူများတို့က သီရိမင်္ဂလာရွှေချမ်းသာ မွေတော်ဘုရားကြီးနှင့် မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများသို့ တပို့တွဲလပြည့်နေ့တွင် ကပ်လှူနိုင်ရန်အတွက် စုပေါင်းထမနဲထိုးခဲ့ကြကြောင်း သိရသည်။


အဆိုပါ ထမနဲစုပေါင်းအလှူပွဲသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့်ဇနီး၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမြင့်ထွန်းနှင့် ဌာနဆိုင်ရာများ၊ စစ်မှုထမ်းဟောင်းအဖွဲ့၊  အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့ပေါ်(၆)ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။


အစဉ်အလာမပျက် ဟိုပုံးမြို့နှင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ ထမနဲထိုးပွဲတော်ကို ပြိုင်ပွဲအနေဖြင့်မဟုတ်ဘဲ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်သည့် အလေ့အထဖြင့် ထမနဲထိုးခဲ့ကြပြီး ရရှိလာသည့်ထမနဲများကို သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီး၊ ဟိုပုံးမြို့အတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၁၅) ကျောင်းနှင့် မိုးကုတ်ဓမ္မရိပ်သာသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့၊ တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံ၊ ဌာနဆိုင်ရာများနှင့် မြို့ပေါ်(၆)ရပ်ကွက်တို့မှ ထမနဲဆွမ်းလှူဒါန်းကြမည် ဖြစ်ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)