ဘူးသီးတောင်မြို့၊ မြို့သစ်အလက(ခွဲ)ကျောင်း၌ လူငယ်များဗလငါးတန်နှင့် ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်ထက်မြက်စေရန်ရည်ရွယ်ပြီး လူငယ်စကားဝိုင်း ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘူးသီးတောင်မြို့၊ မြို့သစ်အလက(ခွဲ)ကျောင်း၌ လူငယ်များဗလငါးတန်နှင့် ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်ထက်မြက်စေရန်ရည်ရွယ်ပြီး လူငယ်စကားဝိုင်း ကျင်းပ




MNP   -   ဖေဖော်ဝါရီ ၁၁

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန၊ မြို့သစ်အ.လ.က(ခွဲ)စာသင်ကျောင်းတို့ပူးပေါင်းပြီး လူငယ်စကားဝိုင်းကို ယမန်နေ့မွန်းတည့်(၁၂)နာရီအချိန်က မြို့သစ်အလက(ခွဲ) ကျောင်း၌ ကျင်းပခဲ့သည်။


အဆိုပါအခမ်းအနားတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ခင်စောမိုးက လူငယ်စကားဝိုင်း ကျင်းပရသည့် ရည်ရွယ်ချက်များပြောကြားရာလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်ထက်မြက် စေရန်၊ လူငယ်များအချင်းချင်းပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် စဉ်းစားတွေးခေါ်မှုစွမ်းရည်များ ရှင်သန်လာစေရန်နှင့် ကိုယ်ကျင့်တရားကောင်းမွန် သည့် လူတော်လူကောင်းများပေါ်ထွန်းလာပြီး အနာဂတ်နိုင်ငံတော်ကို ဦးဆောင်မည့် လူငယ် များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။


ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ဘူးသီးတောင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်စောမိုးနှင့်မြို့သစ် အ.လ.က(ခွဲ) ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူလေးများကလူငယ်နှင့်ပညာရေး၊ လူငယ်နှင့် ပေါင်း သင်းဆက်ဆံရေး၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်ယဥ်ကျေးမှုစသည့် ခေါင်းစဉ်များဖြင့် အသီးသီးဦးဆောင်ဆွေးနွေးခဲ့ကြပြီး အခမ်း အနားသို့ တက်ရောက်လာသော ကျောင်းသား၊ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာဦးဆောင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်းပြောကြားပေးခဲ့ကြောင်း သိရသည်။


လူငယ်စကားဝိုင်းသို့ မြို့သစ်အ.လ.က(ခွဲ)ကျောင်းမှ ကျောင်းသား/ကျောင်းသူစုစုပေါင်း (၁၀၀)ဦးတက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားရှိသောစာအုပ်၊စာစောင်များအား စိတ်ဝင်တစားလေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။


လှကျော်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)