ကျောက်ဖြူမြို့ သန့်ရှင်းသာယာလှပစေရေး ခရိုင်ပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသန့်ရှင်းရေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူမြို့ သန့်ရှင်းသာယာလှပစေရေး ခရိုင်ပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်





MNP   -   ဖေဖော်ဝါရီ  ၁၁

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ သန့်ရှင်းသာယာလှပစေရေးအတွက် ဌာနဆိုင်ရာများ၊ တပ် ရင်းတပ်ဖွဲ့များနှင့် ဒေသခံပြည်သူများပါဝင်သည့် ပူးပေါင်းအဖွဲ့တို့သည် ယနေ့ နံနက်ပိုင်းက ခရိုင် ပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်သည်။ 


ထိုသို့ ဆောင်ရွက်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် အဆိုပါပူးပေါင်း အဖွဲ့တို့သည် အဖွဲ့များခွဲကာ မိမိတို့သတ်မှတ်နေရာများရှိ အမှိုက်များနှင့် ဆေးရုံခြံဝန်းအတွင်း/ အပြင်တို့တွင် ပေါက်ရောက်နေသည့် ခြုံနွယ်ပေါင်းပင်များ၊ အမှိုက်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်း၊ အမှိုက်များအား  အမှိုက်အိတ်များထဲသို့ စနစ်တကျထည့်ကာ သတ် မှတ်နေရာများသို့ ပို့ဆောင်ပေးခြင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှိုက်သိမ်းယာဉ်များဖြင့် စွန့်ပစ်ခြင်းတို့ကို ဆောင်ရွက်ကြသည်။


ယင်းသို့ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းအား ကျောက်ဖြူတပ်နယ်မှ ဗျူဟာမှူး၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက လှည့်လည်ကြည့် ရှုကာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။


တင်ထွန်းဦး

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)