ကျောက်ပန်းတောင်းမြို့နယ်တွင် မြေအောက်ရေကိုအသုံးပြုကာ သင်္ဘောစိုက်ပျိုးရောင်းချသူများ ခူးစွတ်ချိန်တွင် စျေးကောင်းရရှိ၍အဆင်ပြေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ပန်းတောင်းမြို့နယ်တွင် မြေအောက်ရေကိုအသုံးပြုကာ သင်္ဘောစိုက်ပျိုးရောင်းချသူများ ခူးစွတ်ချိန်တွင် စျေးကောင်းရရှိ၍အဆင်ပြေ


MNP   -    ဖေဖော်ဝါရီ ၂၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ကြက်မောက်တောင်ဆည် အနီးဝန်းကျင်ကျေးရွာများတွင်မြေအောက်ရေကိုအသုံးပြုကာ သင်္ဘောစိုက်ပျိုးရောင်းချသူများ ခူးစွတ်ချိန်တွင်စျေးကောင်းရရှိ၍ အဆင်ပြေလျက်ရှိကြောင်း လဲဂွကျေးရွာ သင်္ဘောစိုက်ပျိုးရောင်းချသူ ဦးမြင့်သိန်းထံမှ သိရသည်။


အဆိုပါ ကြက်မောက်တောင်ဆည် အနီးကျေးရွာများသည် စိုက်ပျိုးရေးလုပ်ငန်းများကို နွေ၊ မိုး၊ ဆောင်း သုံးရာသီလုံးလုပ်ကိုင်ကြပြီး ၊ အဓိကအားဖြင့် ဟင်းသီးဟင်းရွက်မျိုးစုံ၊ ပဲမျိုးစုံ၊ ပန်များ၊ နှစ်ရှည်ပင်များ အစရှိသည်တို့ကို စိုက်ပျိုးကြကြောင်းသိရသည်။ သင်္ဘောပင်များကို တန်ခူးလတွင် စတင်ပျိုးထောင်ပြီး၊ ပျိုးထောင်းပြီး ရက်ပေါင် ၄၀ ရက် မှ ၄၅ ရက်တွင် စတင်ပြောင်းရွှေစိုက်ပျိုးကြကြောင်းသိရသည်။ သင်္ဘောပင်းများမစိုက်မီ မိမိတို့စိုက်လိုသော စိုက်ကွက်အား နွားချေး၊ ဆိတ်ချေးတို့ကိုပက်ကျဲပြီး ထယ်ရေးရအောင်ထွန်းရက်ထားကြရသည်။ ထွန်ရက်ထားသောမြေကို အတန်းလိုက် ငါးတောင်ခြား ၁ တောင်ပတ်လည် မြေကျဉ်းတူးကာ သင်္ဘောပင်များကိုစိုက်ပျိုးကြကြောင်း သိရသည်။ သင်္ဘောပင်များသည် စိုက်ပျိုးပြီး ၃ လ တွင် စတင်အသီးသီးကာ ၈ လတွင် အသီးမှည့်ကာ ခူးစွတ်ရောင်းချရသည်။ ယခုအခါသင်္ဘောသီးစျေးမှာ အလွန်ကောင်မွန်းပြီး တစ်လုံးလျှင် ၁၀၀၀ ကျပ်မှ ၁၅၀၀ကျပ် အထိရရှိသောကြောင့် စိုက်ပျိုးတောင်သူများအတွက် အဆင်ပြေလျက်ရှိကြောင်းသိရသည်။ ကြက်မောက်တောင်ဆည် အနီးဝန်းကျင်ကျေးရွာများမှထွက်ရှိသော သင်္ဘောသီးများ ကျောက်ပန်းတောင်းမြို့သို့ အများဆုံးတင်ပို့ရောင်းချကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)