ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ် မှတ်တမ်းဓါတ်ပုံများ မြေစိုက်နံရံကပ်ပြဘုတ်တွင် ခင်းကျင်းပြသ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ် မှတ်တမ်းဓါတ်ပုံများ မြေစိုက်နံရံကပ်ပြဘုတ်တွင် ခင်းကျင်းပြသ


MNP   -   ဖေဖော်ဝါရီ ၁၇

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့တွင် (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ် မှတ်တမ်းဓါတ်ပုံများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မောင်တောခရိုင်ရုံးရှေ့ရှိ မြေစိုက်နံရံကပ်ပြဘုတ်၌ ယနေ့ ညနေပိုင်းက ခင်းကျင်းပြသခဲ့ကြောင်းသိရသည်။


အဆိုပါမြေစိုက်နံရံကပ်ပြဘုတ်တွင် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးထူထောင်မှုအထိမ်းအမှတ် ချစ်ကြည် ရင်းနှီးဆောင်ရွက်မှု မှတ်တမ်းပုံများ၊ နိုင်ငံတော်အကြီးအကဲများ၏ တွေ့ဆုံမှု မှတ်တမ်းပုံများ နှင့် နိုင်ငံပိုင် နေ့စဉ်ထုတ် သတင်းစာ များတွင်ပါဝင်သော  သတင်း ၊ ဆောင်းပါး  ၊ ကြေငြာစာများ စသည်ဖြင့် ပြည်သူများ အသိပညာဗဟုသုတ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် ခင်းကျင်းဖော်ပြထားပြီး ကျောင်းသား၊ ကျောင်းသူများ၊ လမ်းသွား လမ်းလာ ပြည်သူ များက စိတ်ပါဝင်စားစွာ ကြည့်ရှု လေ့လာလျက်ရှိကြောင်း သိရသည်။ 


သက်လွင်စိုး ၊ အောင်ကျော်စိန်  

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)