MNP - ဖေဖော်ဝါရီ ၁၈
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၌ မြို့မဈေးအတွင်းမီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် သရုပ်ပြဇာတ်တိုက်လေ့ကျင့်မှုများပြုလုပ်ခြင်းကို ယနေ့ နံနက် ၉ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဦးနိုင်လင်းထက်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ် မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးလူမော်တို့က ဈေးမီးဘေးလုံခြုံရေးအတွက် မတော်တဆ မီး လောင်မှု ဖြစ်ပွားပါက ရှေးဦးစွာ မီးငြိမ်းသတ်ဆေးဘူးဖြင့် စနစ်တကျ မီးငြိမ်းသတ်မှု များကို ရှင်းလင်းပြောကြားပြီး မီးလောင်မှုဖြစ်ပွားနေစဉ် မီးသတ်ဆေးဘူးဖြင့် မီးငြိမ်းသတ် တတ်စေရန် ဆီမီးလောင်ကျွမ်းမှုအား အဝတ်ဖြင့်ဖုံးအုပ် မီးငြိမ်းသတ်ခြင်း များကို ဈေး သူ၊ ဈေးသားများအား လက်တွေ့ သရုပ်ပြသစေခြင်းတို့ ကို ဇာတ်တိုက် လေ့ကျင့်ဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးနိုင်လင်းထက် ၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်မအေးသန်း ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးလူ မော်နှင့် တပ်ဖွဲ့ဝင်များက မြို့မဈေးကြီး အတွင်း မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး အတွက် ရေကန်များ၊ ရေပိုက်ခေါင်းများ ၊မီးချိတ် ၊ မီးကပ်များ ၊ မီးသတ်ဆေးဘူးများ ထားရှိမှု ၊ မီးသတ်ဆေးဘူးများ ဟောင်းနွမ်းနေပါက အသစ် လဲလှယ် တပ် ဆင် ကြစေရန် နှင့် ဈေးအတွင်း လှည့်လည် ကြည့်ရူစစ်ဆေးခြင်း ၊ ဈေးအနီးအနားရှိ ဈေးရောင်းချသည့် ဆိုင်ရှေ့ ရေ မြောင်း များ အတွင်း ရေ များပိတ်ဆို့မှုမဖြစ်ပေါ်စေရေး နှင့် အမှိုက်များအား စနစ်တကျ စွန့်ပစ်စေရေးတို့ကို ကွင်းဆင်းစစ်ဆေး ခဲ့ကြ ကြောင်း သိရသည်။
ထွန်းလင်းကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment