ပြည်ထဲရေးဝန်ကြီးဌာနမိသားစု ပဉ္စမအကြိမ် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထဲရေးဝန်ကြီးဌာနမိသားစု ပဉ္စမအကြိမ် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲအခမ်းအနားကျင်းပ


MNP    -     ဖေဖော်ဝါရီ ၁၀

ပြည်ထဲရေးဝန်ကြီးဌာန မိသားစုပဉ္စမအကြိမ် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိရုံးအမှတ် (၃၈) ၌ကျင်းပရာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ဇနီး၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီ နှင့် ဇနီး၊ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက်နှင့် ဇနီး၊ အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦးနှင့် ဇနီး၊ တပ်ဖွဲ့/ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ/ အရာရှိကြီးများနှင့်ဇနီးများ၊ တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ပြိုင်ပွဲဝင်အသင်းများ စုံညီစွာတက်ရောက်ကြပြီး ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြသည်။


ရှေးဦးစွာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက ယနေ့ကျင်းပသော မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲမှာ ၁၂ လရာသီ ပွဲတော်များ၌ စုပေါင်းအားဖြင့် စည်းလုံးညီညွတ်စွာ ဆောင်ရွက်ရသည့် ထူးမြတ်သောရိုးရာပွဲတော် တစ်ခုဖြစ်ပါကြောင်း၊ မြန်မာတို့၏ ရှေးထုံးတမ်း အစဉ်အလာရိုးရာပွဲတော်များကို စဉ်ဆက်မပြတ် ထိန်းသိမ်းတတ်စေရန်၊ ဝန်ထမ်းများ ပိုမိုစည်းလုံးညီညွတ်မှုရှိစေရန်၊ အချင်းချင်းရိုင်းပင်းကူညီစိတ်၊ ပူးပေါင်းဆောင်ရွက်တတ်သည့် စိတ်များ ရှင်သန်စေရန်အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်းမှာကြားသည်။


အဆိုပါ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲသို့ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့မှ ပြိုင်ပွဲဝင်အသင်း ခြောက်သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြ ကာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ဇနီး ဦးဆောင်သောအဖွဲ့က ပြိုင်ပွဲဝင်အသင်းများ၏ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲယှဉ်ပြိုင်နေမှုကို လိုက်လံကြည့်ရှုအားပေးကြပြီး ပြိုင်ပွဲဝင်အသင်းများအနေဖြင့် အားကြိုးမာန်တက်ယှဉ်ပြိုင်ကာ ဝန်ထမ်းများကလည်း ဒိုးပတ်ဝိုင်းများဖြင့် ပျော်ရွှင်စွာအားပေးကြသည်။


ထမနဲထိုးပြိုင်ပွဲ၏ ဆုပေးပွဲမကျင်းပမီ တပ်ဖွဲ့/ဦးစီးဌာနများမှ ပြိုင်ပွဲဝင်အသင်း ငါးသင်းဖြင့် ဒိုးပတ်ပြိုင်ပွဲကို ဆက်လက်ကျင်းပခဲ့ပြီး ဆုရရှိကြသည့် ထမနဲထိုးပြိုင်ပွဲနှင့် ဒိုးပတ်ပြိုင်ပွဲတို့မှ ပြိုင်ပွဲဝင်အသင်းများကို တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)