မယ်စဲ့မြို့နယ်တွင် ဒေသထွက် ငရုတ်သီးခြောက်များ ယခုနှစ်ဈေးကွက်တွင် ဈေးကောင်းရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မယ်စဲ့မြို့နယ်တွင် ဒေသထွက် ငရုတ်သီးခြောက်များ ယခုနှစ်ဈေးကွက်တွင် ဈေးကောင်းရရှိ


MNP  -  ဖေဖော်ဝါရီ   ၃

ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် ဒေသတွင်း၌ တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားသည့် ငရုတ်သီးခြောက်များ ယခုနှစ်ဈေးကွက်တွင် ဈေးကောင်းရရှိသဖြင့် ငရုတ်စိုက်တောင်သူများ အဆင်ပြေကြောင်း သိရသည်။


မယ်စဲ့မြို့နယ်အတွင်း ကျေးရွာများရှိ တောင်ယာများတွင် ဒေသအခေါ် ကုလားအော် ငရုတ်မျိုးကို မိုးနှမ်းစတင်ကြဲပတ်ချိန်တွင် ငရုတ်မျိုးစေ့ကိုပါ ရောနှောစိုက်ပျိုးကြဲပတ်ကြသည်။ ငရုတ်စိုက်ပျိုးပြီး အပင်တစ်တောင်ခန့်တွင် ပေါင်းလိုက်၍ ပိုးသတ်ဆေးအနည်းငယ် ဖြန်းပေးရသည်။ မိုးနှမ်း ခုတ်ပြီးချိန် နှစ်လခန့်အကြာတွင် ငရုတ်သီးများ ရင့်မှည့်လာ၍ တောင်သူများ စတင်ဆွတ်ခူး ကြသည်။


ယခင်နှစ်က ငရုတ်သီးခြောက်ပေါ်ချိန်တွင် ဒေသတွင်းဈေးကွက်၌ ငရုတ်သီးခြောက် အညှာခြွေပြီး တစ်ပိဿာလျင် ကျပ် ၁၅၀၀၀ ဖြင့် ရောင်းချရပြီး ယခုနှစ် ငရုတ်သီးဈေးကွက်၌ ငရုတ်သီးခြောက် အညှာခြွေပြီး တစ်ပိဿာလျင် ကျပ် ၂၀၀၀၀ မှ ကျပ် ၂၂၀၀၀ နှုန်းဖြင့် ဈေးရကြောင်း သိသည်။


ဒေသထွက် ငရုတ်သီးခြောက်ဖြစ်သည့် ကုလာအော်မျိုးသည် အတောင့်သေးပြီး အလွန်စပ်သည့်အတွက် ဒေသခံတိုင်းရင်းသားပြည်သူများ ကြိုက်နှစ်သက်ကြသဖြင့် ဒေသတွင်း စားသုံးမှုဖူလုံစေရန် တစ်နိုင်တစ်ပိုင်သာမက အချို့ကစီးပွားဖြစ် စိုက်ပျိုးကြရာ ယခုနှစ်ဈေးကွက်တွင် ဈေးကောင်းရရှိသည့် သီးနှံတစ်ခုဖြစ်ကြောင်း သိရသည်။


ဝတ်ရည်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)