(၇၆)ကြိမ်မြောက် မြို့နယ်အဆင့် မွန်အမျိုးသားနေ့အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၆)ကြိမ်မြောက် မြို့နယ်အဆင့် မွန်အမျိုးသားနေ့အခမ်းအနားကျင်းပ




MNP  -    ဖေဖော်ဝါရီ ၆

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ထုံးအိုင်ကျေးရွာတွင် (၇၆)ကြိမ်မြောက် မြို့နယ်အဆင့်မွန်အမျိုးသားနေ့အခမ်းအနားကို ယမန်နေ့ နံနက် ၇ နာရီခန့်က ထုံးအိုင်အထက်တန်းကျောင်းဘောလုံးကွင်း၌ ကျင်းပခဲ့သည်။


မွန်တိုင်းရင်းသားတို့၏ သမိုင်းကြောင်းအစဉ်အလာများ၊ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ၊ ဓလေ့ထုံးတမ်းများ ဆက်လက်ထိန်းသိမ်းနိုင်စေရေးနှင့် ဇာတိသွေး၊ဇာတိမာန်၊ အမျိုးသားရေးစိတ်ဓာတ်များ ရှင်သန်ထက်မြတ်လာစေရေးရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး  အိန္ဒုမွန်ကျောင်း ဆရာတော် ဘဒ္ဒန္တဝါယမ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်နှင့် ကျင်းပရေးကော်မတီဝင်များက (၇၆)ကြိမ်မြောက် မြို့နယ်အဆင့် မွန်အမျိုးသားနေ့ မုခ်ဦးကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။


ထို့နောက် မွန်တိုင်းရင်းသားလူငယ်များသယ်ဆောင်လာသော မွန်အမျိုးသားအလံကို တိုင်ထိပ်သို့လွှင့်တင်ပြီး နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုကြကာ သဘာပတိ အိန္ဒုမွန်ကျောင်းဆရာတော် ဘဒ္ဒန္တဝါယမနှင့်သဘာပတိအဖွဲ့ဝင်များ စင်မြင့် ထက်တွင်နေရာယူ၍ သဘာပတိဆရာတော်က ဩဝါဒကထာ မိန့်ကြားသည်။


ထို့နောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်ထံမှ ပေးပို့သည့်သဝဏ်လွှာကို ပြည်နယ်လူမှုရေးရာဝန်ကြီးဦးစိုးလွင်ကဖတ်ကြားပြီး  ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက တိုင်းရင်းသားပြည်သူများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုများ ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်မှလိုအပ်သည့် အကူအညီအထောက်အပံ့များကို နှစ်စဉ်ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ အေးချမ်းသာယာစွာ နေထိုင် နိုင်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေးစသည့် ကဏ္ဍပေါင်းစုံကို အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နောင်လာမည့် မျိုးဆက်သစ် လူငယ်များအား ကောင်းမွန်သည့် အမွေကောင်းများထားခဲ့နိုင်ရန်  မိမိတို့နိုင်ငံ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ကျရာအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြား သည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ငွေကျပ် သိန်း(၅၀)ကို ထောက်ပံ့ပေးအပ်ပြီး (၇၆)ကြိမ်မြောက် မွန်အမျိုးသားနေ့ ကျင်းပရေးကော်မတီဥက္ကဋ္ဌကကျင်းပရခြင်းနှင့်ဖြစ်မြောက်ရေးဆိုင်ရာများအား ရှင်းလင်းပြောကြားကာ မွန်တိုင်းရင်းသားလူငယ်မောင်မယ်များက မြေစိုက်ပိုစတာရာဇဝင်၊ မွန် စာပေနှင့်ယဉ်ကျေးမှုစာတမ်းတို့ကို မွန်၊ မြန်မာ နှစ်ဘာသာဖြင့် ဖတ်ကြားကြပြီး သဘာပတိက နိဂုံးချုပ်အမှာစကားပြောကြားသည်။


အခမ်းအနားအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များသည် သဘာပတိဆရာတော်သုံးပါးအား ဖူးမြော်ကြည်ညို၍ လှူဖွယ် ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။


စောမျိုးမင်းသိန်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)