MNP - ဖေဖော်ဝါရီ ၈
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအား ဖေဖော်ဝါရီ ၆ ရက်နေ့ မွန်လွဲ ၁ နာရီအချိန်က မြို့မ အ.လ.က (ခွဲ) အောင်သုခ အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပသည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နှင်းမိုးလှိုင်က အားကစားနှင့် လူငယ် ရေးရာသိ ကောင်းစရာများအကြောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဇော်ဝင်းထွန်းက လူငယ်နှင့် စာဖတ်ခြင်း သိကောင်းစရာ များအကြောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးမှူး ဦးမင်းဇော်လတ်က စားသုံးသူကာကွယ်ရေးနှင့် စားသုံးသူ အန္တရာယ် သိကောင်းစရာများအကြောင်း၊ မြို့နယ် (၁၆) ကုတင်ဆံ့တိုင်းရင်းဆေးရုံအုပ် ဦးခိုင်ထွန်းဇော်က ကျန်းမာရေး ပညာပေး သိကောင်းစရာများအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြပြီး (၁၆)ကုတင်ဆံ့ တိုင်းရင်းဆေးရုံ နယ်လှည့် ဆေးကုသရေးအဖွဲ့မှ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများအား အခမဲ့ဆေးကုသခဲ့ပြီး ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရဲကိုမောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment