ဘူးသီးတောင်တပ်နယ်၌စာကြည့်တိုက်လုပ်ငန်းများစနစ်တကျမှန်ကန်မှုရှိစေရေးစာကြည့်တိုက်အခြေခံပညာသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘူးသီးတောင်တပ်နယ်၌စာကြည့်တိုက်လုပ်ငန်းများစနစ်တကျမှန်ကန်မှုရှိစေရေးစာကြည့်တိုက်အခြေခံပညာသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ





MNP   -    ဖေဖော်ဝါရီ ၂၁

ရခိုင်ပြည်နယ်၊မောင်တောခရိုင်၊ဘူးသီးတောင်တပ်နယ်၌စာကြည့်တိုက်လုပ်ငန်းများစနစ်တကျမှန်ကန်မှုရှိစေရေးစာကြည့်တိုက်သင်တန်းဖွင့်ပွဲအခမ်းအနားကိုယနေ့နံနက် ၈နာရီခွဲအချိန်ကဘူးသီးတောင်မြို့အမှတ်( ၃၇၈)အမြှောက်တပ်ရင်းခန်းမ၌ကျင်းပသည်။


ရှေ့ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်အေးအေးအောင်ကစာကြည့်တိုက်အဓိပ္ပာယ်၊စာကြည့်တိုက်များရှင်သန်ဖွံ့ဖြိုးရန်နှင့်စံ(၅)ရပ်နှင့်ကိုက်ညီဖွံ့ဖြိုးရန်အတွက်စာကြည့်တိုက်စီမံခန့်ခွဲရေးလုပ်ငန်းများကိုစနစ်တကျဆောင်ရွက်ပြီးစာကြည့်တိုက်ပညာရပ်များကိုလေ့လာဆည်းပူးရန်လိုအပ်ပါကြောင်း၊စာကြည်တိုက်များရေရှည်ရှင်သန်နိုင်ရေး၊စာအုပ်စာစောင်များရေရှည်ထိန်း သိမ်းနိုင်ရန်အတွက်စာကြည့်တိုက်အခြေခံပညာများအားစာတွေ့လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းရှင်း လင်းပြောကြားသည်။


ထို့နောက်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်အေးအေးအောင်မှစာကြည့် တိုက်ပညာ၊စာကြည့်တိုက်အမျိုးအစားများ၊ထူးခြားသည့်ဝိသေသများ၊စာကြည့်တိုက်လုပ်ငန်း စီမံခန့်ခွဲရေး၊ စာစုလုပ်ငန်း၊စာပြုလုပ်ငန်း၊စာရေးသူအခြေခံကတ်ပြားပုံစံ၊စာရေးသူကတ်ပြားများ၊ စာငှားစနစ်၊စစ်ဆေးခြင်းနှင့် ထိန်းသိမ်းခြင်းလုပ်ငန်းများအားလည်းကောင်း ဒုတိယဦးစီးမှူးဒေါ်ခင်စောမိုးမှကတ်တလောက်စနစ်ရေးသွင်းမှုနှင့်မျိုးတူစုဘာသာရပ်အားလည်းကောင်းစာတွေ့လက်တွေ့သင်ကြားပို့ချခဲ့ကြောင်းသိရသည်။


အဆိုပါသင်တန်းသို့ဘူးသီးတောင်တပ် နယ်အမှတ်( ၃၇၈)အမြှောက်တပ်ရင်းစာကြည့်တိုက်၌သင်တန်းသား/သင်တန်းသူများအားလက်တွေ့သင်ကြားခဲ့ပြီးသင်တန်းတွင်ဘူးသီးတောင်တပ်နယ်မှသင်တန်းသား/သင်တန်းသူ( ၂၇)ဦးတက်ရောက်ခဲ့ပြီးသင်တန်းတွင်ဖေဖော် ဝါရီလ ၂၁ရက်နေ့မှ ၂၆ရက်နေ့ထိစာတွေ့၊လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရသည်။


လှကျော် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)