ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စာဖတ်ဝိုင်းပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စာဖတ်ဝိုင်းပြုလုပ်


MNP   -   ဖေဖော်ဝါရီ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများအားငယ်စဉ်ကတည်းက စာဖတ်သည့် အလေ့အကျင့်ကောင်းရရှိစေရေးနှင့် စာပေမှတဆင့် အသိပညာ ဗဟုသုတတိုးပွားရရှိစေ‌ရန် ရည်ရွယ်၍ စာရေးဆရာ ကောင်းမြတ်ရေးသားသည့် “ ပွင့်သောပန်းတိုင်းမွှေးစေလို “စာအုပ်ဖြင့် ကျောင်းသားစာဖတ်ဝိုင်းကို ယမန်နေ့က မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေ ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြုလုပ်ပေးခဲ့သည်။


စာဖတ်ဝိုင်းတွင် ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သဇင်ဦးက ကျောင်းသား/ကျောင်းသူများအနေဖြင့် ယခုလိုနွေရာသီ ကျောင်းပိတ်ရက် အားလပ်ချိန်များတွင် အသိပညာ ဗဟုသုတတိုးပွားရရှိစေရန် ပြည်သူ့စာကြည့်တိုက်သို့ လာရောက်၍ စာပေဖတ်ရှုရန် ဖိတ်ခေါ်ပါကြောင်း၊ စာဖတ်ခြင်းဖြင့် မိမိတို့အတွက် အကျိုးများစွာရရှိမည်ဖြစ်ကြောင်း ပြောကြားပြီး၊ စာဖတ်ဝိုင်းပြုလုပ်မည့် စာအုပ်အကြောင်း ရှင်းလင်း ပြောကြားသည်။


ယင်းနောက် စာဖတ်ဝိုင်းကိုစတင်ရာ စာရေးဆရာ ကောင်းမြတ်ရေးသားသည့် “ပွင့်သောပန်းတိုင်းမွှေးစေလို” စာအုပ်ထဲမှ “ ရှက်တတ် ကြောက်တတ်တဲ့ ကလေး” ခေါင်းစဉ်ပါစာအကြောင်းအရာများကို ကျောင်းသား တစ်ဦးချင်းစီဖတ်ရှုစေပြီး၊ ဖတ်ရှုသည့် စာပိုဒ်ပါ အကြောင်းအရာအား မိမိမှတ်သားနားလည်သလို ပြန်လည်ပြောကြားရာ ဦးစီးအရာရှိမှ စာပေဖတ်ရှု မှတ်သားမှုနည်းစနစ်အား သင်ကြားပြသပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ စာဖတ်စွမ်း ရည်တိုးတက်စေရေး ယခုလိုစာဖတ်ဝိုင်းများ ဆက်လက်ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။


ဝေယံ

 https://t.me/MyanmarNationalPos




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)