ဖျာပုံမြို့နယ်၊ သမိန်ထောကုန်းတန်းကျေးရွာတွင် လူငယ်အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်ပြပွဲ၊ နံရံကပ်စာစောင် ပြသဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖျာပုံမြို့နယ်၊ သမိန်ထောကုန်းတန်းကျေးရွာတွင် လူငယ်အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်ပြပွဲ၊ နံရံကပ်စာစောင် ပြသဆောင်ရွက်




MNP   -   ဖေဖော်ဝါရီ ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာန နှင့် ဖျာပုံမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏ၊ စာရိတ္တဖွံ့ ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြသဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က ဖျာပုံမြို့နယ်၊ သမိန်ထောကုန်းတန်းကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်း၊ အနန္တဂုဏ်ရည်ကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။


အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမင်းဇော်က စားသုံးသူ ကာကွယ်အကြောင်း သိကောင်းစရာများအား အသိပညာပေး ဟောပြော၍ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မာမာလွင်က "လူငယ်နှင့် စာဖတ်ခြင်းခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် ယနေ့ လူငယ်များသည် အနာဂတ်၏ မျိုးဆက်သစ်လူငယ်များဖြစ်သည့်အတွက် ပညာရည်မြင့်၊ ဉာဏ်ရည်မြင့်သည့် လူငယ်များ ပေါ်ထွန်းလာရေးအတွက် ပညာကိုကြိုးစားသင်ယူကြရန်နှင့် အသိပညာ ဗဟုသုတများ ရရှိစေမည့် စာအုပ်စာပေများကို လေ့လာဖတ်ရှုကြဖို့လိုကြောင်း၊ ယနေ့လူငယ်များ အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် ထူးချွန်ထက်မြက်သော ကျောင်းသား၊ ကျောင်းသူများဖြစ်စေလိုကြောင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်" အကြောင်း အရာများကို အသိပညာပေး ဟောပြောခဲ့ပြီး ဖျာပုံမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားမှူး ဒေါ်စုမြတ်သဲက "အားကစားနှင့် အနာဂတ် လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများတွင် လူငယ်များအနေဖြင့် ကျောင်းပညာရေးအပြင် အားကစား ကဏ္ဍ အထူး လေ့လာလိုက်စားစေလိုကြောင်း၊  သို့မှသာ ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်သော အားကစားသမားကောင်းများ ဖြစ်လာမည်ဖြစ်ကြောင်း၊ အချိန်ကိုအကျိုးရှိရှိ အသုံးချ ကြစေလိုပါကြောင်း၊ အသိပညာပေး ဟောပြောခြင်းနှင့် အားကစားတွင် စိတ်ပါဝင်စား ကြသော ကျောင်းသား၊ ကျောင်းသူများအား ရွေးချယ်ခဲ့ကြောင်း သိရသည်။ ဆက်လက်၍ ဖျာပုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော စာအုပ်၊ စာစောင်ပြပွဲနှင့် နံရံကပ်စာစောင် ပြသဆောင်ရွက်ခြင်းတို့အား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။


 ထို့ပြင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသော (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား ကျောင်းသား၊ ကျောင်းသူများထံ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)