ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများ ရွှေတောင်မြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအားကွင်းဆင်း ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများ ရွှေတောင်မြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအားကွင်းဆင်း ကြည့်ရှုစစ်ဆေး


ရွှေတောင် ဖေဖော်ဝါရီ ၂၃

ပဲခူးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့်တာဝန်ရှိသူများသည်  ယမန်နေ့ နံနက်ပိုင်းက ရွှေတောင်မြို့နယ် ကြို့ကုန်းကျေးရွာအုပ်စု၊ ဒေါင်းဇွန်းကျေးရွာ ကွင်းအမှတ်( ၄၂၁) မင်းရွာကွင်း နွေစပါး Drum Seeder ဧက (၁၀၀) စံပြ ကွက်စိုက်ပျိုးထားရှိမှု အခြေအနေနှင့် Ten Roll Seederဖြင့် စိုက်ပျိုးနေမှုအခြေအနေများ၊ ဝါးတောကျေးရွာအုပ်စု၊ ဖားအိုင့်ကျေးရွာရှိ ဦးစိုးမင်းထွန်း၏ အသားတိုးမွေးမြူရေးဝက်ခြံတွင် ဝက်ကောင်ရေ (၁၂၀) မွေးမြူထားရှိမှု အခြေအနေများ၊ ကံသုံးဆင့်ကျေးရွာအုပ်စု၊ ကွင်းအမှတ် (၄၇၉) ရွာကုန်းရှိ မြေဧက (၁၀၀) ပေါ်တွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ အသေးစားမွေးမြူရေးဇုန် အကောင်ထည်ဖော်ဆောင်ရွက်နိုင်ရေး မြေနေရာလျာထားရွေးချယ်ထားရှိမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး မယားမာန်ကျေးရွာအုပ်စု၊ သမိုင်းဝင်ရွှေနတ်တောင် စေတီတော်မြတ်ကြီး ရွှေသင်္ကန်းဆက်ကပ် လှူဒါန်းနေမှု အခြေအနေနှင့် နှစ်ထပ်စိန်ဖူးတော်မြတ်ကြီးအား ဖူးမျှော်ကြည်ညိုခဲ့ပြီး ဂေါပကအဖွဲ့သို့ အလှူငွေကျပ် သိန်း ( ၂၀) လှူဒါန်းခဲ့သည်။


ထို့နောက် ကြာနီကန်ရပ်ကွက်၊ အ.ထ.က ရွှေတောင်ကျောင်းဝန်းအတွင်း အစိုးရနည်းပညာ အထက်တန်းကျောင်း၊ စိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်း ဆောက်လုပ်နေမှုအခြေအနေနှင့် နွားမယံကျေးရွာအုပ်စု၊ ပုရပိုက်တန်းကျေးရွာ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေ (၄၈၆.၀၀) ကျပ်သန်းဖြင့် တင်ဒါအောင်မြင်ခဲ့ပြီး လုပ်ပိုင်ခွင့်ရရှိခဲ့သည့် Myanmar Land Co. Ltd မှ အကောင်ထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ရွှေတောင် ရေလမ်းကောင်းမွန်ရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ရာ တိုင်းအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာ အကြီးအကဲများ လိုက်ပါကွင်းဆင်းခဲ့ပြီး လုပ်ငန်းတစ်ခုချင်းစီအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် ထပ်မံဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


ကိုကိုမင်း

#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)