ဒလမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေး ဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒလမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေး ဟောပြောပွဲကျင်းပ



MNP   -   ဖေဖော်ဝါရီ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ (၂) နာရီအချိန်က ကမာကဆစ်ရပ်ကွက်ရှိ အလယ်ကျောင်း ပရိယတ္တိစာသင်တိုက် ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူကျော်က အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ ရန်ကုန်တောင်ပိုင်းခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဆွေဆွေဦးက မြန်မာနိုင်ငံအနေဖြင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ညီလာခံသဘောတူစာချုပ်ကို ၁၉၉၁ခုနှစ်တွင် ပါဝင်လက်မှတ်ရေးထိုး၍အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်လာကြောင်း၊ ၁၉၉၃ ခုနှစ်တွင် ကလေးသူငယ် ဥပဒေ၊ ၂၀၀၁ ခုနှစ်တွင် ကလေးသူငယ်နည်းဥပဒေများကို ပြဌာန်းခဲ့ပြီး ၂၀၁၉ ခုနှစ် ဇူလိုင်လ(၂၃)ရက်နေ့တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပေဒ (The Child Rights Law) ကို ပြဋ္ဌာန်းခဲ့ကြောင်း၊ ကလေးသူငယ်များ၏ အခွင့်အရေး(၄)ရပ်ဖြစ်သည့် အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခွင့်နှင့် ပါဝင်ဆောင်ရွက်ခွင့်များရရှိ စေရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ကလေးသူငယ်များအား အကြမ်းဖက်ခြင်း၊ လစ်လျူရှုခြင်း၊ လွဲမှားစွာပြုကျင့်ခြင်း၊ ခေါင်းပုံဖြတ်ခြင်းနှင့် လူကုန်ကူးခံရခြင်းမှ ကာကွယ်နိုင်ရန်နှင့် ကလေးသူငယ်များ၏ အကောင်းဆုံးအကျိုးစီးပွားကို ပိုမိုဖော်ဆောင်သွားနိုင်ရန် စသည်တို့ကို ပြောကြားခဲ့သည်။


အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်လူမှု ဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအသင်း၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်း၊ ကျောင်းဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။


မြင့်ဇော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)