MNP - ဖေဖော်ဝါရီ ၂၂
ရခိုင်ပြည်နယ် ၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင် ရာတာဝန်ရှိသူများ လုပ်ငန်းညှိနိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁ဝ နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်က ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ခွင့်ပြုထားသည့်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲ၊ ဆောင်ရွက်ရန်ကျန်သည့် တည်ဆောက်ရေးလုပ်ငန်းများကိုအချိန် မီပြီးစီးနိုင်ရေး၊ နယ်မြေလုံခြုံရေး၊ ကျန်းမာရေး၊ ပညာ ရေး၊လမ်းပန်းဆက် သွယ်ရေးအခြေအနေများ ကိုရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသော မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူ များက မိမိတို့၏ဌာနများအလိုက်လုပ်ငန်း ဆောင်ရွက်မှုအခြေ အနေများကို ဆွေး နွေး တင်ပြကြရာ တင်ပြချက်များအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
စိုးမင်းထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment