MNP - ဖေဖော်ဝါရီ ၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော လူငယ်စကားဝိုင်းကို ယမန်နေ့နံနက်ပိုင်းက အုတ်တွင်းမြို့နယ် တပ်နယ်အခြေခံပညာအထက်တန်းကျောင်းဝင်း၌ ကျင်းပသည်။
ဦးစွာလူငယ်စကားဝိုင်းကို တပ်နယ်အခြေခံပညာအထက်တန်းကျောင်းအုပ် ဒေါ်ညိုသက်နွယ်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မူမူဝင်းက ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသားကျောင်းသူလူငယ်များ အသိပညာဗဟုသုတများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်၊ စကားပြောအတတ်ပညာများ ကျွမ်းကျင်စေရန်၊ လူငယ်များ အချင်းချင်းရင်းနှီးခင်မင်စွာ ပူးပေါင်းဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကျင်းပရာ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် အထက်တန်းပြ ဆရာမဒေါ်သီတာစိုးတို့က ဦးဆောင်ဆွေးနွေးပြီး ကျောင်းသားကျောင်းသူ ငါးဦးက လူငယ်နှင့်အလေ့အကျင့်၊ လူငယ်နှင့် အဆုံးအမ၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်မူးယစ်ဆေး၊ လူငယ် နှင့်နည်းပညာ ခေါင်းစဉ်များဖြင့် ဆွေးနွေးကြသည်။ ထို့နောက်လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများကလည်း စကားဝိုင်း၏ခေါင်းစဉ်အလိုက် သိရှိလိုသည့်အချက်များကို မေးမြန်းဆွေးနွေးခြင်း၊ ပြန်လည်ဖြေကြားခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အေမင်းရည်စော
https://t.me/MyanmarNationalPost
No comments:
Post a Comment