ဇမ္ဗူသီရိမြို့နယ်ရုံးတွင် (၇၅)နှစ်မြောက် မြန်မာ-ရုရှားသံတမန်ဆက်ဆံရေးထူထောင်မှုအထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများအား မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြသထားရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဇမ္ဗူသီရိမြို့နယ်ရုံးတွင် (၇၅)နှစ်မြောက် မြန်မာ-ရုရှားသံတမန်ဆက်ဆံရေးထူထောင်မှုအထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများအား မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြသထားရှိ


MNP   -  ဖေဖေါ်ဝါရီ ၁၈

ပြည်ထောင်စုနယ်မြေ၊နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၏မြေစိုက်နံရံကပ်ပြဘုတ်၌ ယနေ့တွင် ကျရောက်မည့်(၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးထူထောင်မှု အထိမ်းအမှတ်အဖြစ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ နှစ်နိုင်ငံအကြီးအကဲများ တွေ့ဆုံမှုမှတ်တမ်းဓာတ်ပုံများကို ယမန်နေ့နံနက်ပိုင်းမှ စတင်၍ ပြသဆောင်ရွက်ထားလျက်ရှိ‌ကြောင်းသိရသည်။


အဆိုပါနံရံကပ်ပြဘုတ်တွင်  (၇၅)နှစ်မြောက် မြန်မာ-ရုရှားသံတမန်ဆက်ဆံရေး ထူထောင်မှု အထိမ်းအမှတ်အနေဖြင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ နှစ်နိုင်ငံအကြီးအကဲများ တွေ့ဆုံမှုမှတ်တမ်းဓာတ်ပုံများနှင့် မူးယစ်ဆေးဝါးအန္တရာယ် အကြောင်းကို ခင်းကျင်းပြသထားရာ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူများ လာရောက်ကြည့်ရှုလေ့လာကြ‌ကြောင်း သိရသည်။


ဇမ္ဗူသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ရုံး၏နံရံကပ်ပြဘုတ်တွင် နိုင်ငံတော်အစိုးရ၏မူဝါဒများ၊ နိုင်ငံတော်အကြီးအကဲများ၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ထူးခြားဖြစ်စဉ်သတင်းများ၊ အလုပ်အကိုင်နှင့်အခွင့်အလမ်းများ၊ အသိပညာပေး အကြောင်းအရာများကို ပြည်သူများသိရှိစေရေး ပြသဆောင်ရွက်လျက်ရှိ‌ကြောင်း သိရှိရသည်။ 


နီလာ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)