ပင်လုံမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပင်လုံမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ



MNP  -   ဖေဖော်ဝါရီ ၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်း(ပင်လုံ)၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ပါသည်။


ရှေးဦးစွာ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်း ကျောင်းအုပ်ဆရာကြီးမှ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲအခမ်းအနားနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍  လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့အမှတ်(၃)တပ်ဖွဲ့စိတ် (လွိုင်လင်)ဒုရဲမှူး တင်မောင်မြင့်မှ လူကုန်ကူးမှုနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိန်းသန်း​ဌေးမှ လူငယ်နှင့်စာရိတ္တဆိုင်ရာ ဟောပြောခြင်း၊ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ ရဲအုပ်ဉာဏ်လင်းထွန်းမှ လူကုန်ကူးမှုဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များကိုအသိပညာပေး ဟောပြောခဲ့ပါသည်။ ထို့နောက် လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးဥပဒေစာအုပ်များနှင့် လက်ကမ်းစာစောင်များ ပေးအပ်လှူဒါန်းဖြန့်ဝေပေးခြင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အတွက် ထုတ်ဝေသည့် လက်ကမ်းစာစောင်ကို ဖြန့်ဝေပေးခဲ့ပြီး  နယ်စပ်ဒေသတိုင်းရင်းသားလူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်း(ပင်လုံ) ဒုကျောင်းအုပ်ဆရာမမှ နိဂုံးချုပ်အမှာစကားပြောကြား၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။


အဆိုပါဟောပြောပွဲကျင်းပရာသို့ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်း(ပင်လုံ)မှ ဆရာကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူစုစုပေါင်း (၂၀၅)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)