(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်မြို့နယ်အဆင့်၊အထက်တန်း၊အလယ်တန်းစာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်မြို့နယ်အဆင့်၊အထက်တန်း၊အလယ်တန်းစာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကျင်းပ





MNP  -    ဖေဖော်ဝါရီ ၃

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့၊ဆင်စွယ်ပွတ်ရပ်ကွက်ရှိအမှတ်၂ အခြေခံပညာအထက်တန်းကျောင်းမုဓိတာအဆောင်တွင်ယ​နေ့နံနက် ၉ နာရီအချိန်က မြို့နယ်အဆင့်၊ အထက်တန်းနှင့် အလယ်တန်း စာစီစာကုံး​နှင့်ကဗျာပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။


အဆိုပါ စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲကျင်းပရာသို့ မြို့နယ်စီမံခန့်ခွဲကော်မတီဥက္ကဋ္ဌ ဦးဖြိုးအောင်ထွန်း၊ အဖွဲ့၁ ဗိုလ်မှူးကျော်တေဇ၊ အဖွဲ့ဝင်၂ဦး ကိုကိုဇော်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဦးစီးမှူးဦးတင်ကို ကိုဝင်းတို့က လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။ ယခုစာစီစာကုံးနှင့် ကဗျာပြိုင်ပွဲတွင် ပြည်ထောင်စုနေ့နှင့် သက်ဆိုင်သည့် အကြောင်းအရာများကိုမိမိတို့ဥာဏ်ရည်ရှိသလောက် ရေးသားပြိုင်ပွဲဝင်ခွင့်ပြုထားကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရသည်။ အထက်တန်းဆင့်စာစီစာကုံးပြိုင်ပွဲတွင် ကျောင်း သား၊ကျောင်းသူ ၁၀ ဦး၊ ကဗျာပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ၁၀ဦး၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား၊ကျောင်းသူ ၁၀ဦး၊ကဗျာပြိုင်ပွဲတွင်ကျောင်းသား၊ ကျောင်းသူ ၁၀ ဦး စုစုပေါင်း ၄၀ ဦးတို့က ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြောင်း သိရသည်။ ပြိုင်ပွဲများတွင် ဆုရရှိသူများကို လာမည့် ဖေဖော်ဝါရီလ ၁၂ရက်နေ့(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ပွဲအပြီးတွင် ဆုများ ချီးမြှင့်သွားမည်ဖြစ်ကြောင်းသိရသည်။


စိုးသီဟ

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)