ရခိုင်ပြည်နယ် မောင်တောမြို့၌ ခရိုင်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ ခရိုင်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ





MNP   -  ဖေဖော်ဝါရီ  ၁၀

ရခိုင်ပြည်နယ် မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၏လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့  နံနက် ၁၀ နာရီ အချိန် ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြု လုပ်ခဲ့သည်။  


ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေဦးက  ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် အခမ်းအနားများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ မိမိတို့ မြို့နယ်အတွင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဒေသခံပြည်သူများအား လာ ရောက် ကျန်းမာရေးစောင့်ရှောက်မှု ပေးမည်ဖြစ်၍ ပြင်ဆင်ဆောင် ရွက်ရမည့် အခြေအနေများ စသည့်တို့ကို ရှင်းလင်း ပြောကြားပြီး  တက်ရောက်လာကြသော ခရိုင်အဆင့် ဌာနဆိုင်ရာ များ က ကဏ္ဍများအလိုက် ပြင်ဆင်ဆောင်ရွက်နေသည့် ကိစ္စရပ်များ နှင့်  ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များအား တင်ပြကြရာ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ မှ   ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။


အောင်ကျော်စိန်၊ သက်လွင်စိုး 

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)