မာန်အောင်မြို့ မြို့မကျောင်းကြီး ဆရာတော်ဘဒ္ဒန္တဣဿရိယ၏ဥတုဇရုပ်ကလာပ်တော်အားအန္တိမအဂ္ဂိစျာပနသာဓုကီနပူဇာသဘင်ကျင်းပရာနေရာသို့ပင့်ဆောင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့ မြို့မကျောင်းကြီး ဆရာတော်ဘဒ္ဒန္တဣဿရိယ၏ဥတုဇရုပ်ကလာပ်တော်အားအန္တိမအဂ္ဂိစျာပနသာဓုကီနပူဇာသဘင်ကျင်းပရာနေရာသို့ပင့်ဆောင်








MNP -  ဖေဖေါ်ဝါရီ ၃

ရခိုင်ပြည်နယ် မာန်အောင်မြို့  မြို့မကျောင်းကြီး ပဓာနနာယက ဆရာတော်ဘဒ္ဒန္တဣဿရိယ(ပြည်နယ်ဝန်ဆောင်၊မြို့နယ်သံဃာနာယကအဖွဲ့ဥက္ကဋ္ဌ)သက်တော်(၇၇)နှစ်သိက္ခာတော်(၅၇)ဝါရှိဆရာတော်ကြီး၏ ဥတုဇ ရုပ်ကလာပ်တော်အား ယနေ့ နေ့လယ်၁၂နာရီက မြို့မကျောင်းကြီး ကုသိနာရုံ ဓမ္မာရုံကြာကလာပ်စံကျောင်းပေါ်မှ အန္တိမအဂ္ဂိစျာပန သာဓုကီဠနပူဇာပွဲသဘင်ကျင်းပရာ အနောက်စုရပ်ကွက်၊ဘောလုံးကွင်းရှိ စံကျောင်းပေါ်သို့ ပင့်ဆောင်ကြသည်။


       ထိုသို့ပင့်ဆောင်ရာတွင်``နမောတဿ´´သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ကြပြီး သံဃာတော်များက အနိစ္စာဝတစသော သံဝေဂ ဂါထာသုံးပုဒ်ကိုသံပြိုင်ရွတ်ဆိုကြသည်။ယင်းနောက်ဆရာတော်၏ ဥတုဇရုပ်ကလာပ်တော်အား ကြာကလာပ် စံကျောင်းတော်မှ သလွန်ပေါ်သို့ ပင့်ဆောင်ပူဇော်ရန် ဂါထာတော်အားသာသနာ့ဂုဏ်ရည်ဆရာတော်မှ ရွတ်ဖတ်ပူဇော်ပြီး အန္တိမ

အဂ္ဂိစျာပနသာဓုကီဠနပူဇာသဘင်ကျင်းပရာ အနောက်စုရပ်ကွက်ဘောလုံးကွင်းရှိ စံကျောင်းတော်သို့ပင့်ဆောင်ခဲ့ကြသည်။


      အဆိုပါ ဆရာတော်ကြီး၏ ဥတုဇ ရုပ်ကလာပ်တော်အား စံကျောင်းပေါ်တွင်ပူဇော်ခံထားပြီး ဧယဥ်ကြူးရင့်ခြင်း၊အထိမ်းအမှတ်အဖြစ် သိုင်းနင်းတလားအက၊ကျား/မလွန်ဆွဲပြိုင်ပွဲ၊ခေါင်းအုံးရိုက်ပြိုင်ပွဲ၊ချောတိုင်တက်ပြိုင်ပွဲ၊ဇာတ်ကပွဲများဖြင့် စည်းကားသိုက်မြိုက်စွာ ကျင်းပ၍ ဖေဖေါ်ဝါရီလ၅ရက်နေ့ ညနေပိုင်းတွင် ဒုံးဖြင့်ပူဇော်ကြပြီး အန္တိမအဂ္ဂိစျာပနပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

 

ဦးသိန်းဖေ

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)