ကျိန္တလီမြို့၌ လူငယ်စကားဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိန္တလီမြို့၌ လူငယ်စကားဝိုင်းကျင်းပ




MNP  -  ဖေဖော်ဝါရီ ၁၀

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့ နံနက် ၁၁ နာရီအချိန်က အ.ထ.က ကျိန္တလီကျောင်းခန်းမ၌ ကျင်းပခဲ့သည်။


ရှေးဦးစွာ အ.ထ.က ကျိန္တလီမှ ဆရာမဒေါ်ဖြိုးဝေမွန်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးက လူငယ်များအသိပညာတိုးတက်လာစေရန်၊ စာပေအပေါ် လေးစားတန်ဖိုးထားတတ်လားစေရန်၊ စာပေအသိမှ ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့် သတ္တိရှိ လာစေရန်၊ လူ့ဘောင်အဖွဲ့အစည်းတွင် ရင်းနှီးချစ်ခင်စွာ ပြောဆိုတတ်လာစေရန် လူငယ်အချင်းချင်းအသိပညာအတတ်ပညာများ ဖလှယ်တတ်စေရန်၊ တစ်ဦးနှင့်တစ်ဦး ယဉ်ကျေးမှုများရှိပြီး ပူးပေါင်း ဆောင်ရွက်တတ်စေရန်၊ အမှားအမှန်ကို ခွဲခြားတတ်စေရန်နှင့် စဉ်းစားဆင်ခြင်ဉာဏ် မြင့်မားလာစေ ရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။


ဆက်လက်၍ လူငယ်စကားဝိုင်းကို ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီး မှူး ဒေါ်သန်းသန်းလေးက ဦးဆောင်သူအဖြစ်ပါဝင်ဆောင်ရွက်ပြီး Grade-10မှ  မောင်မင်းခန့်ညားက “လူငယ်နှင့်ကျန်းမာရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 မှမစမ်းရေအေးက “လူငယ်နှင့် ပညာရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 မှ  မအိမ့်သဉ္ဇာမောင်က “လူငယ်နှင့်မူးယစ်ဆေးဝါး” ခေါင်းစဉ်ဖြင့်လည်ကောင်း၊ Grade-10 မှ  မောင်သန့်ဝေလျံထက်က “ကျောင်းသားနှင့်အားကစား” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 မှ  မခင်ဘုန်းသျှံက “လူငယ်နှင့်စာပေ” ခေါင်းစဉ်ဖြင့် လည်းကောင်း ဆွေးနွေးခဲ့ကြသည်။ 


ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား/သူများက မိမိတို့သိရှိလိုသည်များကို မေးမြန်းရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။


 အဆိုပါ အခမ်းအနားသို့ တက်ရောက်လာကြသည့် ကျောင်းသား/သူများက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို စိတ်ဝင်တစား လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)