ဒိုက်ဦးမြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒိုက်ဦးမြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ


MNP  -    ဖေဖော်ဝါရီ ၉

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၊ အိမ်ခြေလေးဆယ်ကျောင်း၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်  အသိပညာပေး ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ နံနက်(၁၀)နာရီက ကျင်းပခဲ့သည်။


ဒိုက်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဆွေသက်အောင်က ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ၊ ပြည်ထောင်စုစိတ်ဓာတ်အဓိပ္ပါယ်၊ ပင်လုံစာချုပ်အကြောင်းနှင့် ပင်လုံစာချုပ်တွင် လက်မှတ်ရေးထိုးကြသူများတို့ကို  အသိပညာပေး ဟောပြော‌ခဲ့သည်။


ထို့နောက် ကျောင်းသား/ ကျောင်းသူများအား စာပေဖတ်ရှု့သည့်အလေ့အကျင့်များရရှိစေရန် သုတ၊ ရသ စာအုပ်စာစောင်များ၊  ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံအကြောင်း၊ မူးယစ်ဆေးဝါးဆိုင်ရာ သိကောင်းစရာအကြောင်းနှင့် ပြည်ထောင်စုနေ့နှင့် ပတ်သက်သောအကြောင်းအရာသိကောင်းစရာ အသိပညာပေးနံရံကပ်စာစောင်များအား ပြသထားရာ ကျောင်းသား/ ကျောင်းသူများက စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)