စစ်တွေမြို့ရှိ ဌာနဝန်ထမ်းများနှင့်တွေ့ဆုံ၊ ဝန်ထမ်းအိမ်ရာ၊ သိုလှောင်ရုံတည်ဆောက်မည့်မြေနေရာနှင့် ကလေးပြုစုရေးဌာနတို့ကို ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်တွေမြို့ရှိ ဌာနဝန်ထမ်းများနှင့်တွေ့ဆုံ၊ ဝန်ထမ်းအိမ်ရာ၊ သိုလှောင်ရုံတည်ဆောက်မည့်မြေနေရာနှင့် ကလေးပြုစုရေးဌာနတို့ကို ကြည့်ရှုစစ်ဆေး


MNP   -   ဖေဖော်ဝါရီ ၆

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ရခိုင်ပြည်နယ်ဦးစီးမှူး ရုံးသို့ရောက်ရှိပြီး စစ်တွေမြို့တွင်အခြေပြု၍ တာဝန်ထမ်းဆောင်နေသော လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့မှ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံသည်။


လုပ်ငန်းခွင်တွင် ကျွမ်းကျင်ပျော်ရွှင်စွာဖြင့် တာဝန်ထမ်းဆောင်နိုင်ရန် အရေးကြီးတွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဌာနအနေဖြင့် ထိခိုက်လွယ်အုပ်စုဝင်များနှင့် ဘေးဒုက္ခတစ်မျိုးမျိုးကြောင့် ထိခိုက်ခံစားနေရသူများအား နိုင်ငံတော်ကိုယ်စားကူညီထောက်ပံ့နေရခြင်းဖြစ်သည့်အတွက် ဝန်ထမ်းများအနေဖြင့် လုပ်ငန်းခွင်တွင် ကျွမ်းကျင်ပျော်ရွှင်စွာဖြင့် တာဝန်ထမ်းဆောင်နိုင်ရန်အရေးကြီးပါကြောင်း၊ လတ်တလောတွင် Quick Win Project အနေဖြင့် အခြေခံပညာကျောင်းများတွင် မိမိတို့ဌာနမှ ဆောင်ရွက်လျက်ရှိသည့် ကလေးသူငယ်အခွင့်အရေး၊ သဘာဝဘေးနှင့်မိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့်ပတ်သက်သည့် အသိပညာပေးလုပ်ငန်းများ ရည်မှန်းချက်ပြည့်မီအောင် ဆောင်ရွက်နိုင်သည်ကို တွေ့ရှိရသည့်အတွက် ပါဝင်ဆောင်ရွက်ကြသည့် အရာထမ်း၊ အမှုထမ်းများအားဂုဏ်ပြုပါကြောင်း၊ ပြည်သူသို့ဝန်ဆောင်မှုပေးရာတွင် e-government စနစ်ကိုအသုံးချနိုင်ပါက ပိုမိုထိရောက်အောင်မြင်နိုင်မည်ဖြစ်သည့်အတွက် မိမိတို့ဌာနအနေဖြင့် လူမှုရေးဆိုင်ရာ သတင်းအချက်အလက် စီမံခန့်ခွဲမှုစနစ် (SMIS)ကို အကောင်အထည်ဖော်နေပြီဖြစ်ရာ ဝန်ထမ်းများအနေဖြင့် တိုးတက်လာသော နည်းပညာရပ်များကို လက်လှမ်းမီအသုံးချနိုင်ရေး ကြိုးစားကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။


ဆက်လက်၍ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်လဲ့လဲ့အေးက မူဝါဒ၊ လမ်းညွှန်ချက်များနှင့်အညီ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည့်အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် ပြည်နယ်ဦးစီးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများက တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်နယ်ဦးစီးမှူးရုံးလေးခန်းတွဲသုံးထပ် ဝန်ထမ်းအိမ်ရာနှင့် စက်ရုံစုရပ်ကွက်ရှိ ပြည်နယ်အဆင့်အိမ်ထောင်စု ၅၀၀၀ စာကယ်ဆယ်ရေး ပစ္စည်းသိုလှောင်ရုံအသစ်တည်ဆောက်မည့်မြေနေရာကို သွားရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်ချက်များကို မှာကြားသည်။


အလားတူ ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင်နှင့်အတူ စစ်တွေမြို့ ကလေးပြုစုရေး ဌာနသို့ရောက်ရှိကြပြီး ကလေးသူငယ်များကို တစ်ဦးချင်း နှုတ်ဆက်အားပေးကြသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးက ကလေးသူငယ်များအတွက် ပဲနို့နှင့်ပေါင်မုန့်များ ဝေငှပေးအပ်ခဲ့ပြီး တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)