ပင်လောင်းမြို့နယ် အ.ထ.က ထီတလိကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပင်လောင်းမြို့နယ် အ.ထ.က ထီတလိကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ




MNP   -   ဖေဖော်ဝါရီ ၈

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်  အခြေခံပညာအထက်တန်း ထီတလိကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ အခြေခံပညာအထက်တန်း ထီတလိကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်နော်ခင်ခင်နိုင်က အမှာစကားပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းလင်းက လူငယ်စကားဝိုင်း ပြုလုပ်ရသည့်ရည်ရွယ်ချက်များအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် လူငယ်စကားဝိုင်းဆက်လက်ကျင်းပရာ အထက ထီတလိကျောင်းသား၊ ကျောင်းသူများဖြစ်ကြသည့် Grade-11 မှ ခွန်ဝင်းခန့်ကျော်၊မူမီခမ်းတို့က လူငယ်နှင့်ရည်မှန်းချက်၊ Grade-10 မှ ခွန်လီဝေနိုင်၊ မူအင်ကြင်းမိုးတို့က လူငယ်နှင့်ပေါင်းသင်းဆက်ဆံ​ရေး၊ Grade-11 မှ ခွန်ရန်နိုင်​ထွေး၊ မူခင်မာခိုင်တို့က လူငယ်နှင့်အားကစားခေါင်းစဉ်များဖြင့် လူငယ်စကားဝိုင်း ဆွေးနွေး​ပြောကြားကြပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းလင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဦးစီးအရာရှိ ဒေါ်မူစန်းစန်းအေး၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်နော်ခင်ခင်နိုင်တို့က ဆွေးနွေးပြောကြာချက်များအပေါ် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)