တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ ပထမအကြိမ် အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ ပထမအကြိမ် အစည်းအဝေးကျင်းပ


MNP  -   ဖေဖော်ဝါရီ ၂

တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ၏ ပထမအကြိမ်အစည်းအဝေးကို ဖေဖော်ဝါရီ ၂ ရက် မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုး က နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်တွင်ပါရှိသော “စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့်ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီးအခြား စီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုး တိုးတက်အောင်တည်ဆောက်ရေး” ဟူသည့် အချက်နှင့်အညီ အသားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဝန်ကြီးဌာန၏ မူဝါဒ၊ မျှော်မှန်းချက်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ မူဝါဒ၊ မျှော်မှန်းချက်များအတိုင်း မွေးမြူရေးလုပ်ငန်းပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် တက်ညီလက်ညီ ပူးပေါင်းပါဝင်ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ ပြောင်းလဲဖြစ်ပေါ်လာသော ခေတ်စနစ်နှင့်အညီ တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက် ပစ္စည်းများကုန်သွယ်မှုတိုးတက်လာစေရန်နှင့် ပုဂ္ဂလိကမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်ရေးဆွဲ ပြဋ္ဌာန်းထားသည့် တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဥပဒေနှင့်အညီ လုပ်ငန်းများထိရောက်စွာ အကောင်အထည်ဖော်ရာတွင် ဦးစီးအဖွဲ့တစ်ခုက တာဝန်ယူ ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဥပဒေပုဒ်မ ၄ အရ တိရစ္ဆာန် ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီကို ၂၀၂၁ ခုနှစ်အောက်တိုဘာလတွင် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါကြောင်း၊ ယနေ့အစည်းအဝေးတွင် ဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်(၁၇)ချက်မှ ဦးစားပေးဆောင်ရွက်ရမည့်လုပ်ငန်းရပ်များကို အဆိုပြုတင်ပြနိုင်ရန်နှင့် ဝိုင်းဝန်းသုံးသပ် ဆွေးနွေးရန်ဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် ဗဟိုကော်မတီအတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်း က ဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်များ၊ ဗဟိုကော်မတီ၏ ဦးစားပေးလုပ်ငန်းရပ်များနှင့် အဆိုပြုချက်များ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ အရင်းမပျောက်မတည် ထောက်ပံ့ငွေဖြင့် ဆောင်ရွက်မည့် မွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော်ရေး စီမံကိန်းတွင်ယူနစ်နှင့် လျာထားချက်၊ ဘဏ္ဍာနှစ်အလိုက် မြစိမ်းရောင် (အသား ကဏ္ဍ) ကျေးရွာထူထောင်ခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။


ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ဗဟိုကော်မတီဝင်များဖြစ်ကြသော ဦးစီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံတိရစ္ဆာန်ဆေးကု ဆရာဝန်များအသင်း၊ မြန်မာနိုင်ငံမွေးမြူ ရေးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်တို့မှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ တိရစ္ဆာန်ဆေးပညာရပ်နှင့်မွေးမြူရေးပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူများက အဆိုပြုလုပ်ငန်းရပ်များအပေါ် သက်ဆိုင်ရာကဏ္ဍများအလိုက် ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)