ရပ်စောက်မြို့နယ်၌ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲနှင့် စိတ်ကြိုက်ပန်းချီပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရပ်စောက်မြို့နယ်၌ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲနှင့် စိတ်ကြိုက်ပန်းချီပြိုင်ပွဲကျင်းပ




MNP  -  ဖေဖော်ဝါရီ ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲနှင့် စိတ်ကြိုက်ပန်းချီဆွဲပြိုင်ပွဲကို ယမန်နေ့နံနက် (၁၀)နာရီ အချိန်က ရပ်စောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမ၌ ကျင်းပြုလုပ်ခဲ့သည်။


ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ဆုမွန်ထွန်းက ပြည်ထောင်စုနေ့နှင့်ပတ်သက်သည့်ကြောင်းအရာများကို ကျောင်းသား/သူ လူငယ်လူရွယ်များအနေဖြင့် နေ့ထူးနေ့မြတ်များကို အစဉ်အမြဲအမှတ်ရနေစေရန်နှင့် စာစီစာကုံးပြိုင်ပွဲနှင့်ပတ်သက်သည့် အမှတ်ပေးစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ပန်းချီဆရာဦးဇော်ဝင်းမှ စိတ်ကြိုက်ပန်းချီပြိုင်ပွဲနှင့် ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက်ပြိုင်ပွဲတွင် အမှတ်ပေးဒိုင်များအဖြစ်ဖိတ်ကြားထားသည့် ပန်းချီဆရာဦးဇော်ဝင်း၊ လူမှုဝန်ထမ်း ကျောင်းအုပ်ဆရာမကြီးဒေါ်ကြွယ်ကြွယ်သိန်း၊ မြို့နယ်ပညာရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်အမာကြူ နှင့်အမျိုးသမီး ရေးရာအဖွဲ့ဝင်များမှ ပြိုင်ပွဲဝင်ကျောင်းသား/ကျေင်းသူများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ပြိုင်ပွဲတွင်ဆုရရှိ သည့်ကျောင်းသား/ကျောင်းသူများကို (၈)ရက်နေ့တွင် ဆုများအသီးသီးချီးမြှင့် သွားမည်ဖြစ်ကြောင်း မြို့နယ်ပြန်ဆက် ဦးစီးအရာရှိထံမှ သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)