(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် တံတားဦးမြို့ မြို့မဈေးအတွင်း လက်တွေ့မီးငြိမ်းသတ်နည်းလက်တွေ့သရုပ်ပြ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် တံတားဦးမြို့ မြို့မဈေးအတွင်း လက်တွေ့မီးငြိမ်းသတ်နည်းလက်တွေ့သရုပ်ပြ


MNP  -   ဖေဖော်ဝါရီ ၂

တံတားဦးခရိုင်ခရိုင် တံတားဦးမြို့နယ် မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်းပြီး (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးနှင့် မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေးအတွက် ယနေ့မွန်းလွဲ(၁)နာရီအချိန်က မြို့မဈေးအတွင်း လက်တွေ့မီးငြိမ်းသတ်နည်းသရုပ်ပြခြင်းကို ဆောင်ရွက်ကြောင်းသိရသည်။


အဆိုပါ လက်တွေ့မီးငြိမ်းသတ်နည်း လက်တွေ့သရုပ်ပြဆောင်ရွက်ခြင်းနှင့် အသိပညာပေးဟောပြောပွဲတွင် မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်သူအောင်က မီးသတ်ဆေးဘူးများထာရှိရေး၊ ဆေးဘူးများကို စနစ်တကျအသုံးပြုတတ်စေရေး၊ အခြေခံမီးသဘောတရားများ၊ မီးလောင်ခြင်းအမျိုးမျိုး၊ ကြိုတင်ကာကွယ်ရမည့် ပစ္စည်းများထားရှိရေး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ စနစ်တကျကြိုတင်ဆောင်ရွက်ရေး၊ မီးသတ်ဆေးဘူးအသုံးပြု၍ မီးငြိမ်းသတ်ခြင်း၊ မီးအတန်း အစားများအားရှင်းလင်းခြင်း၊ မီးငြိမ်းသတ်နည်း(၄)နည်းတို့ကို မြို့နယ်ပီးသတ်ဦးစီးမှူးက အကျယ်တဝင့်ရှင်းလင်းပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးဆောင်သောတပ်ဖွဲ့ဝင်များက လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် အရေးပေါ်မီးငြိမ်းသတ်မှု မီးသတ်ဆေးဘူးကို ရေစိုအဝတ်ဖြင့် လက်တွေ့သရုပ်ပြဆောင်ရွက်ကြသည်။ ထို့နောက် တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးတင်ကိုလင်းနှင့် တာဝန်ရှိသူများ၊ တံတားဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များသည် မြို့မဈေးနှင့် ဈေးဆိုင်များတွင်ထားရှိရမည့် မီးသတ်ဆေးဘူး၊ မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးများ ထားရှိမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးကြသည်။


ပွင့်လင်းရာသီတွင် တံတားဦးမြို့နယ်၌ မီးလောင်မှုမီးလန့်မှုများမဖြစ်ပေါ်စေရေး မီးလောင်မှုဖြစ်ပေါ်လာပါက မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ ပူးပေါင်းငြိမ်းသတ်နည်းအတွက် ဌာနဆိုင်ရာရုံးများမှဝန်ထမ်းများကို အသိပညာပေးဟောပြောမှုများနှင့် မီးငြိမ်းသတ်နည်း လက်တွေ့သရုပ်ပြခြင်းတို့ကို ကိုဗစ်-၁၉ရောဂါကာကွယ်ရေးနည်းလမ်းများနှင့်အညီ ဆောင်ရွက်နိုင်ခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်သူအောင်၏ ပြောကြားချက်အရသိရသည်။


ရဲတင့်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)