လျှပ်စစ်ဓာတ်အားလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရေးနှင့် ဓာတ်အားဆုံးရှုံးမှုကျဆင်းရေးဆိုင်ရာ ကိစ္စရပ်များ ရှင်းလင်းပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လျှပ်စစ်ဓာတ်အားလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရေးနှင့် ဓာတ်အားဆုံးရှုံးမှုကျဆင်းရေးဆိုင်ရာ ကိစ္စရပ်များ ရှင်းလင်းပြောကြား


MNP   -   ဖေဖော်ဝါရီ ၇

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ဝန်ထမ်းများကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကော်ပိုရေးရှင်း(ရုံးချုပ်) အစည်းအဝေးခန်းမ၌တွေ့ဆုံပြီး ပြည်သူလူထု၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်နေမှုနှင့် ဓာတ်အားဆုံးရှုံးမှုကျဆင်းရေး ဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။


ရှင်းလင်းတင်ပြ


ထိုသို့တွေ့ဆုံစဉ် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းဥက္ကဋ္ဌက ရန်ကုန်တိုင်းဒေသ ကြီးအတွင်းရှိ ခရိုင်/မြို့နယ်များအလိုက် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးထားမှုအခြေအနေနှင့် လာမည့် နွေရာသီကာလတွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ဆောင်ရွက်သွားမည့် အစီအမံများကို လည်းကောင်း၊ ဘဏ္ဍာရေးတာဝန်ခံ အထွေထွေမန်နေဂျာနှင့် မန်နေဂျာများက ဘဏ္ဍာရေးဆိုင်ရာကောက်ခံမှု အခြေအနေကို လည်းကောင်း ရှင်းလင်းတင်ပြ ကြသည်။


တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လုံခြုံရေးနှင့်ပတ်သက်၍ အထူးဂရုပြုဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ပြည်သူလူထု၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် စုဆောင်း ထားရှိသည့်ရေများဖြင့် ရေအားလျှပ်စစ်စက်ရုံများမှ ဓာတ်အား ပိုမိုထုတ်လုပ်ပေးလျက်ရှိကြောင်း၊ လာမည့်နွေရာသီကာလအထိ စဉ်ဆက်မပြတ် ဆက်လက်ထုတ်လုပ်ပေးနိုင်ရန် စီမံဆောင်ရွက်ပြီး ဖြစ်ကြောင်း၊ ထပ်မံဖြည့်ဆည်းပေးနိုင်ရန်လည်း ရေအား၊ လေအား စက်ရုံများကိုလည်း တိုးချဲ့ တည်ဆောက်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ထိုက်သင့်သည့်တည်ဆောက် ချိန်ကာလနှင့် ရင်းနှီးမြှုပ်နှံမှုပိုင်းဆိုင်ရာများကို တွက်ချက်လျက်ရှိကြောင်း။


လာမည့် ၂၀၂၅ ခုနှစ်တွင် ဓာတ်အားလိုအပ်ချက်ကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးနိုင်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်၏ ပြည်ထောင်စုရန်ပုံငွေဆိုင်ရာ ရငွေစာရင်းများတွင် မိမိတို့ရည်မှန်းထားသည့်အတိုင်း ရရှိစေရေးကြပ်မတ် ဆောင်ရွက်ရန်နှင့် နိုင်ငံတော်မှ စိုက်ထုတ်သုံးစွဲနေရမှုများကို လျော့ကျစေရန် တစ်ယူနစ်ထုတ်လုပ်မှု ကျဆင်းရေး အရင်းအမြစ်မျိုးစုံမှ ထုတ်လုပ်ရန်စီမံဆောင်ရွက်နေသကဲ့သို့ Losses ကျဆင်းရေး ကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ သက်ဆိုင်ရာ မြို့နယ်များအလိုက် ရှုပ်ထွေးဆားဗစ်များ ရှင်းလင်း ရေးကို စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်ရန် လိုကြောင်း၊ Losses ကျဆင်းရေး Non Technical Losses ပိုင်းတွင် စနစ်တကျ ငွေသွင်းငွေထုတ်ပြုလုပ်၍ နေ့စဉ် ကောက်ခံရငွေများကို တာဝန်ရှိသူများက စနစ်တကျ ကြပ်မတ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ တစ်ဦးချင်း/အဖွဲ့အစည်းများမှ တစ်ပိုင်တစ်နိုင် ထုတ်လုပ်နေသည့် Roof Top Solar များနှင့် Ground Mounted Solar များမှ ၎င်းတို့ အသုံးမပြုသည့်အချိန် များတွင် ဝယ်ယူနိုင်ရေးကိုလည်း ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော် ဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် (၇၆)နှစ် မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဂုဏ်ပြု အခမ်းအနားတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ကိုယ်စားပြုပြသမည့်ပြခန်း ပြင်ဆင်ဆောင်ရွက်နေမှု၊ ပြခန်းအတွင်း ခင်းကျင်းပြသမည့် ရေအားလျှပ်စစ် စီမံကိန်းပုံစံငယ်များ၊ ဓာတ်အားပေးစက်ရုံပုံစံငယ် များ၊ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံပုံစံငယ်များ၊ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံသုံး ဆက်စပ်ပစ္စည်းများကို ကြည့်ရှုပြီး တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)