အမ်းမြို့၌(၇၆) နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်း အမှတ် အသိပညာပေးဟော​ပြောပွဲနှင့်လက်ကမ်း စာစောင်များဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့၌(၇၆) နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်း အမှတ် အသိပညာပေးဟော​ပြောပွဲနှင့်လက်ကမ်း စာစောင်များဖြန့်ဝေ




MNP   -    ဖေဖော်ဝါရီ  ၁၁

       ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင်  (၇၆)နှစ် မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်အသိပညာပေးဟောပြောပွဲများနှင့်အသိပညာပေးသတင်းစကားလက်ကမ်းစာစောင်များကိုပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိဦးစန်းဝင်းနှင့်ဝန်ထမ်းများက ယမန်နေ့ ည​ေန ၃ နာရီအချိန်တွင် အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)သို့ သွားရောက် ၍ကျောင်းသား၊ ကျောင်းသူ လူ ငယ်များအား အသိပညာဗဟုသုတရရှိစေရန်  ပြည် ထောင်စုနေ့ ဖြစ်ပေါ်လာပုံအ ကြောင်းအရာများအားဟောပြောကာ (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်ထုတ်ဝေသော သတင်းစကားလက်ကမ်းစာစောင်များကိုကျောင်းသား ကျောင်း သူများ၏လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့သည်။


        အဆိုပါ သတင်း စကား လက်ကမ်းစာစောင်တွင်ဗိုလ်ချုပ်အောင်ဆန်း၏၁၉၄၆ခုနှစ်ဇန်နဝါရီ လ(၂၀)ရက်နေ့က ဖဆပလအဖွဲ့ချုပ်ကြီး၏ နိုင်ငံလုံးဆိုင်ရာညီလာခံတွင်ပြောကြားခဲ့သည့် မိန့်ခွန်းမှ ကောက်နုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်​ရေကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၁၂-၂-၂၀၂၂ ရက်နေ့ (၇၅)နှစ် မြောက်စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်း အ နား တွင်ပြောကြားသည့် မိန့်ခွန်းမှ ကောက်နှုတ်ချက်၊ (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အမျိုးသားရေးဦးတည်ချက်(၅)ရပ်၊ကဗျာ၊ဆောင်းပါး၊ ကာ တွန်း၊ ဆောင်ပုဒ်၊ မှတ်တမ်းဓာတ်ပုံများပါဝင်သည့် သတင်း စကားလက်ကမ်းစာစောင်ကို အသိပညာဗဟုသုတရရှိစေရန် ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။


စိုးမင်းထွန်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)