ဖျာပုံခရိုင်ပြန်/ဆက်ရုံး မြေစိုက်နံရံကပ်ပြဘုတ်တွင် (၇၅)နှစ်မြောက် မြန်မာ-ရုရှားသံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်ပြသဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖျာပုံခရိုင်ပြန်/ဆက်ရုံး မြေစိုက်နံရံကပ်ပြဘုတ်တွင် (၇၅)နှစ်မြောက် မြန်မာ-ရုရှားသံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်ပြသဆောင်ရွက်


MNP   -    ဖေဖော်ဝါရီ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးထူထောင်မှု အထိမ်းအမှတ်အသိပညာပေး နံရံကပ်စာစောင်ကို အများပြည်သူများလေ့လာနိုင်ရန်အတွက် ဖေဖော်ဝါရီလ(၁၈)ရက်နေ့နံနက်ပိုင်းအချိန်မှစတင်၍ပြသ    ဆောင်ရွက်ထားရှိသည်။


အဆိုပါ နံရံကပ်စာစောင်ပြဘုတ်တွင် ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ(၁၈)ရက်နေ့တွင် ကျရောက်သည့် (၇၅)နှစ်မြောက် မြန်မာနှင့်ရုရှားနိုင်ငံတို့၏ သံတမန်ဆက်ဆံရေးထူထောင်မှုအထိမ်း အမှတ်အဖြစ်အစိုးရ အချင်းချင်းနှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့်စီးပွားရေးအတွက် တွေ့ဆုံလက်မှတ်ရေးထိုးခြင်းအခမ်းအနားမှတ်တမ်းဓာတ်ပုံများ၊ နှစ်နိုင်ငံချစ်ကြည်ရေး ခရီးစဉ်မှတ်တမ်းများ၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမှတ်တမ်းများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ၊နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အဖွဲ့ဝင်များ အရှေ့ဖျားရေငုတ်သင်္ဘောဌာနချုပ်၊ အာကာသလွှတ်တင် ရေးစခန်း၊လေယာဉ်ထုတ်လုပ်ရေးစခန်းစက်ရုံများအား လေ့လာကြည့်ရှုခဲ့သည့်မှတ်တမ်းပုံများနှင့်နှစ် (၂၀)ပြည့်အာဆီယံ- ရုရှားဆွေးနွေးဖက်ဆက်ဆံရေးအထိမ်းအမှတ် ထိပ်သီးအစည်း အဝေးမှတ်တမ်းဓာတ်ပုံများပြသထားခြင်းကို အများပြည်သူများအနေဖြင့် စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုလေ့လာလျက်ရှိကြကြောင်းသိရသည်။


အောင်ဝင်းနိုင်

 https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)