MNP - ဖေဖော်ဝါရီ ၃
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ပြန် ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် ပညာရေးဌာန တို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊စွမ်းရည်ပြိုင်ပွဲနှင့်နံရံကပ်စာစောင်ပြပွဲကိုဖေဖော်ဝါရီ(၃) ရက်နံနက် ၁၀ နာရီတွင် ကျိုက်ထိုမြို့နယ် ဖက္ကလိပ်ကျေးရွာ အခြေခံပညာ မူလတန်း(သိမ်ငူ) ကျောင်း၌ ကျင်းပပြု လုပ်ခဲ့ သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဒုတိယ ဦးစီးမှူး ဒေါ်အေးယုဝေ ကကျောင်းသား၊ကျောင်း သူများ ကျောင်းစာအပြင် အားလပ်ချိန် များတွင် ပြင်ပဗဟုသုတ ရရှိစေရန်စာအုပ်များဖတ်ရှုခြင်းဖြင့်ဉာဏ်ရည်ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်းနှင့် ၂၀၂၃ ခုနှစ်ဖေဖော်ဝါရီ(၁၂)ရက်နေ့တွင်ကျရောက် မည့် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အကြောင်းအားအသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား ၊ကျောင်းသူများအား စာဖတ်ဝိုင်းပြုလုပ်ပေးပြီး ၎င်းတို့စိတ်ကြိုက် ရွေးချယ် ဖတ်ရှုထားသည့် စာအုပ်များမှ ပုံပြော ပြိုင်ပွဲ၊ကဗျာရွတ်ဆိုပြိုင်ပွဲ၊ဆေးရောင်ချယ်ပြိုင်ပွဲနှင့်စကားပုံဆက်ပြိုင်ပွဲများ ကို ကျင်းပပေးပြီး ပြိုင်ပွဲဝင် ကျောင်းသား၊ကျောင်းသူများအား အမှတ်တရ လက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့သည်။
ဆက်လက်၍ လူကုန်ကူးမှုကာကွယ်တား ဆီးရေး၊အပြည်ပြည်ဆိုင်ရာ မူးယစ် ဆေး ဝါး အလွဲသုံးမှုနှင့်တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေး စိတ်ကြွ ရူးသွပ်ဆေးများ ၏အန္တရာယ်နှင့် ပြစ်မှုပြစ်ဒဏ်များ၊ ယာဥ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာလိုက်နာရမည့်စည်းမျဥ်းများ၊သဘာဝဘေး အန္တရာယ်ဆိုင်ရာသိကောင်းစရာများပါဝင်သည့်နံရံကပ်စာစောင်များ ကို ပြသခဲ့ရာ ကျောင်းသားကျောင်းသူများက စိတ်ပါ ဝင်စားစွာ ကြည့်ရှု လေ့လာခဲ့ကြ ကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment