(၂၄) ကြိမ်မြောက် ရမ္မာဝတီသဒ္ဓမ္မပါ လပရိယတ္တိစာမေးပွဲ ရမ်းဗြဲမြို့၌ ကျင်းပလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၂၄) ကြိမ်မြောက် ရမ္မာဝတီသဒ္ဓမ္မပါ လပရိယတ္တိစာမေးပွဲ ရမ်းဗြဲမြို့၌ ကျင်းပလျက်ရှိ



MNP  -    ဖေဖေါ်ဝါရီ   ၈ 

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ ပရိယတ္တိသာသနာတော်အရှည်တည်တံ့ပြန့်ပွားစေရေးကို ရည်ရွယ်လျက်ရမ်းဗြဲမြို့နယ်အတွင်းရှိ ဆရာတော်ကြီးများမှကြီးမှူး၍ ရမ္မာဝတီသဒ္ဓမ္မပါလပရိယတ္တိစာမေးပွဲကို  ၇-၂-၂၀၂၃  ရက်နေ့မှစတင်ပြီးကျင်းပလျက်ရှိရာ ရမ်းဗြဲမြို့နယ်အတွင်းရှိ ပရိယတ္တိစာင်တိုက်များမှ စာချဆရာတော်များ စာမေးပွဲဖြစ်မြောက်ရေး ဆရာတော်ကြီးများနှင့် စာမေးပွဲကြီးကြပ်ဆရာတော်ကြီးများကြွရောက်တော်မူကြသည်။


အဆိုပါ စာမေးပွဲတွင် ဥပစာတန်းတွင် ရှင်ကျင့်ဝတ်၊ အခြေပြုမူလတန်းတွင် သဒ္ဒါ၊ ဝိနည်း၊ တိကမာတိကာ၊ ပထမငယ်တန်းတွင် ဝိနည်း၊ သဒ္ဒါ၊ မာတိကာဓါတုကထာ၊ သင်္ဂဟ၊ ပထမလတ်တန်းတွင်ဝိနည်း၊ သဒ္ဒါ၊ သင်္ဂဟ၊ မာတိကာဓါတုကထာ၊ အောက်ယမိုက်(၅)ကျမ်း ဘာသာရပ်များနှင့် ပထမကြီးတန်းတွင်လည်းဝိနည်း၊ သဒ္ဒါ၊ သင်္ဂဟ၊ အဘိဓာန်လင်္ကာဆန်း၊ အထက်ယမိုက်(၅)ကျမ်းနှင့် ပဌာန်းဘာရပ်များကိုဖြေဆိုကြရသည်။


 စာမေးပွဲကိုတစ်နေ့လျှင်  နံနက် ၇ နာရီ မှ ၁၀နာရီ ထိတစ်ချိန် နှင့် မွန်းတည့် ၁၂နာရီမှ မွန်းလွဲ ၃ နာရီထိတစ်ချိန် ၂ ချိန် တစ်ချိန်လျှင်တစ်ဘာ ဖြေဆိုကြရသည်။ ၎င်းစာမေးပွဲကို  ၇-၂-၂၀၂၃ ရက်နေ့ မှ ၉-၂-၂၀၂၃ ရက်နေ့ထိကျင်းပသွားမည်ဖြစ်သည်။


ရမ်းဗြဲမြို့နယ်၌ ကျင်းပလျှက်ရှိသော(၂၄)ကြိမ်မြောက် ရမ္မာဝတီသဒ္ဓမ္မပါလစာမေးပွဲကို  ယခုနှစ်တွင်ရမ်းဗြဲမြို့နယ်တွင်းရှိပရိယတ္တိစာသင်တိုက်များကသာမက အခြားမြို့နယ်များဖြစ်ကြသော ကျောက်ဖြူမြို့နယ်မှ ကျောက်တစ်လုံးကျောင်းတိုက်၊ တောင်ကုတ်မြို့နယ်မှ ပန်းကုံးကျောင်းတိုက်နှင့်သံတွဲမြို့နယ်မှပုလဲရတနာပရိယတ္တိစာသင်တိုက်များမှလည်းဝင်ရောက်ဖြေဆိုလျှက်ရှိကြပြီး စာဖြေသံဃာစုစုပေါင်း (၁၁၀)ပါးဝင်ရောက်

ဖြေဆိုလျှက်ရှိကြောင်းသိရသည်။


အောင်နိုင် 

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)