မိုင်းဆတ်မြို့၌ (၇၆) နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းဆတ်မြို့၌ (၇၆) နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်




MNP   -  ဖေဖော်ဝါရီ ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ဖေဖော်ဝါရီလ(၇)ရက်နေ့နံနက်(၁၀)နာရီက  အ.မ.က(ဝိန်းဝိုင်) ကျောင်းသို့ ကွင်းဆင်း၍ (၇၆) နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်က မျိုးဆက်သစ်လူငယ်များစာတတ်ဖို့သာမက ပညာတတ်ဖို့ပါ ကြိုးစားကြစေလိုကြောင်း၊ အကျင့်စာရိတ္တကောင်းရေး၊ ဘဝအတွက်ရည်မှန်းချက်ထားရှိရေး၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေးနှင့် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာသည့် အကြောင်းအရင်းများ၊ ပင်လုံစာချုပ်လက်မှတ်ရေးထိုးခဲ့ကြသူများ၏ အမည်များကို ဗဟုသုတရရှိစေရန် အကျယ်တဝင့်ရှင်းလင်းဟောပြောခဲ့သည်။


ထို့နောက် ကျောင်းသား၊ ကျောင်းသူများက မိမိတို့နှစ်သက်ရာ စာအုပ်စာစောင်များကို လေ့လာဖတ်ရှုကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကားအသိပညာပေးလက်ကမ်းစာစောင်(၁၅၀)ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


မြင့်မောင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)