ကသာမြို့တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသား(အလွတ်တန်း) ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲများ ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကသာမြို့တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသား(အလွတ်တန်း) ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်


MNP   -    ဖေဖော်ဝါရီ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲမှ ကြီးမှူးကျင်းပသော ၂၀၂၃ခုနှစ်၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသား (အလွတ်တန်း)ပိုက်ကျော်ခြင်း အကြိုဗိုလ်လုပွဲ အားကစားပြိုင်ပွဲများကို ယမန်နေ့နံနက် (၁၁)နာရီအချိန်က ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန ဧရာရွှေလီခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


ဆက်လက်၍ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကသာမြို့ပေါ်ရပ်ကွက်များနှင့် အင်းတော်မြို့နယ် အားကစားအသင်းများမှ ပိုက်ကျော်ခြင်းပြိုင်ပွဲများကို အသင်း(၂၂)သင်းတို့က ပတ်လည်  ယှည်ပြိုင်ကြရာ အကြိုဗိုလ်လုပွဲပြိုင်ပွဲတွင် ရပ်ကွက်-၅(ဂ)အားကစားအသင်းနှင့် ကသာမြို့နယ် အား/ကာ အားကစားအသင်းတို့ကလည်းကောင်း၊ ရပ်ကွက်-၅ (က)အားကစားအသင်းနှင့် အင်းတော်မျိုးဆက်သစ် အားကစားအသင်းတို့ကလည်းကောင်း ပါဝင်ယှဉ်ပြိုင်ကြခဲ့ကြသည်။


ဖိုင်နယ်ဗိုလ်လုပွဲ ပွဲစဉ်ကို ယနေ့ မွန်းလွဲ (၁)နာရီအချိန်တွင် ဆက်လက်၍ ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း မြို့နယ်အား/ကားမှူး ဒေါ်ဖြိုးမွန်စံထံမှ သိရသည်။


ကျော်စွာ

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)