MNP - ဖေဖော်ဝါရီ ၂၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နံရံကပ်ပြဘုတ်တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေး လမ်းညွှန်းများ၊ လမ်းအမှတ်အသား များနှင့် အချက်ပြများကို ယနေ့နံနက်ပိုင်းမှစတင်ကာ ပြသလျက်ရှိသည်။
အဆိုပါနံရံကပ်ပြဘုတ်တွင် ၂၀၂၂ ခုနှစ်၊ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု နည်းဥပဒေများ၊ အခန်း ၁၃၊ “လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများ”နှင့် ပတ်သက် သည့်ညွှန်ကြားချက်များ၊ အန္တရာယ်သတိပေးလမ်းညွှန်းများ၊ အမိန့်ပေးခြင်းလမ်းညွှန်းများ၊ သတင်း အချက်အလက်၊ ပံ့ပိုးအထောက်အကူနှင့် ဝန်ဆောင်မှုဆိုင်ရာလမ်းညွှန်းများ၊ လမ်း၏အခြေအနေအရ သီးသန့်ရေးဆွဲရသည့် အမှတ်အသားများ၊ လမ်းအစွန်းနယ်နိမိတ်ပြ အမှတ်အသားများစသည့် အကြောင်းအရာများကို ပြည်သူများသိရှိစေရေး ပြသဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထွန်းလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment