MNP - ဖေဖော်ဝါရီ ၃
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်ရှိ ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များ မီးဘေးအန္တရာယ်မှ ကင်းဝေးစေရန်အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ မြို့မစည်ပင်သာယာဈေး မီးဘေးအန္တရာယ်ကြို တင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် ဈေးအတွင်း မီးဘေးအန္တရာယ်ကာကွယ်ထားရှိမှု ရှိ၊မရှိ စစ်ဆေးခြင်းကို ဖေဖော်ဝါရီ(၃)ရက်နေ့ နံနက်၉ နာရီက ပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးမင်းထွန်းက ရုတ်တရက် မီးဘေး အန္တရာယ်ကြုံတွေ့လာပါက မီးသတ်ဆေးဗူးကိုင်တွယ်အသုံးပြုနည်းအဆင့်ဆင့် တို့ကို ရှင်းလင်း ပြောကြားပြီး ဈေးသူ၊ ဈေးသားများကို မီးလောင်မှုဖြစ်ပွားလာပါက ရုတ်တရက် လက်တွေ့မီးငြှိမ်းသတ်နည်းအား သရုပ်ပြမီးငြှိမ်းသတ်စေ ခဲ့သည်။ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ် (၂)စီးဖြင့် မြို့မစည်ပင်သာယာဈေးအား လက်တွေ့ ရေပက်ဖျန်း၍ သရုပ်ပြသခဲ့ သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့် အဖွဲ့ဝင်များက မီးဘေးအန္တရာယ်ကြို တင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် ဈေးအတွင်း မီးဘေးအန္တရာယ်ကာကွယ်ထားရှိမှု ရှိ၊မရှိ စစ်ဆေးခြင်းတို့ကို ကြည့်ရှု၍ လိုအပ်သည်များကို မှာကြားခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်အမှုဆောင် အရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်လျှပ်စစ်လျှပ်စစ် အင်ဂျင်နီယာတို့က ဈေးအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ဈေးအတွင်း မီးဘေးအန္တရာယ်မှ ကာကွယ်ထားရှိမှုများနှင့် ဆိုင်ခန်းများတွင် မီးသတ်ဆေးဘူးများထားရှိမှု ရှိ/မရှိတို့အား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment