ပေါင်မြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့်ပြိုင်ပွဲများပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့်ပြိုင်ပွဲများပြုလုပ်





MNP  -   ဖေဖော်ဝါရီ     ၈

မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့်ပြိုင်ပွဲများပြုလုပ်ခြင်းကိုယနေ့ နေ့လယ်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community centre ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ပေါင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများကိုရှင်းလင်းဟောပြောကြားခဲ့သည်။


ထို့နောက်ကျောင်းအုပ်ဆရာမကြီးဒေါ်လေးဖြူဖြူ က ပြည်ထောင်စုစိတ်ဓာတ်အရေးကြီးပုံ၊ပြည်ထောင်စုစိတ်ဓာတ်သည် တိုင်းရင်းသားအားလုံးတွင်ရှိသင့်သည့်အရေးကြီးဆုံး စိတ်ပင်ဖြစ်ကြောင်း ဟောပြောသည်။


ထို့နောက်ကျောင်းသား/သူများကပုံပြော၊ကဗျာရွတ်၊ဆေးရောင်ခြယ်၊စာစီစာကုံး၊စစ်တုရင်ပြိုင်ပွဲ၊စာအုပ်ပြပွဲ  စသည်တို့အပြင်  နံရံကပ်စာစောင်များကိုလည်း ပျော်ရွှင်စွာကြည့်ရှုခဲ့ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)