ဂန့်ဂေါမြို့တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂန့်ဂေါမြို့တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်



MNP   -   ဖေဖော်ဝါရီ ၂၀

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေပေးအပ်ခြင်းကို  ဂန့်ဂေါခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်း၍ ယနေ့နံနက်(၁၀)နာရီအချိန်က မြို့ပေါ်(၄)ရပ်ကွက်ရှိ ဘိုးဘွားများ၏ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။ 


အဆိုပါ ထောက်ပံ့ငွေပေးအပ်ရာတွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၏ လူမှုရေးပင်စင်တစ်လလျှင်(၁၀၀၀၀/-) ကျပ်နှုန်းဖြင့် ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်၊ တတိယသုံးလပတ်(အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) လများအတွက် ထောက်ပံ့ငွေ(၃၀၀၀၀/-)ကျပ်ကို ဂန့်ဂေါခရိုင်အမျိုးသမီးရေးရာအဖွဲ့၊ ဥက္ကဋ္ဌ ဒေါ်သီတာကြိုင်၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ဥက္ကဋ္ဌ ဒေါ်နန်းစံစံထွေးနှင့် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးမှူး ဒေါ်ခင်လဲ့ရည်လှိုင်တို့က ဂန့်ဂေါမြို့၊ မြောက်ကုန်းရပ်ကွက်ရှိ သက်ကြီးဘိုးဘွား(၁၄)ဦးအား ထောက်ပံ့ငွေကျပ်(၄၂၀၀၀၀/-) ကိုလည်းကောင်း၊ ကျောတိုက်ရပ်ကွက်ရှိ ဘိုးဘွား(၁၆)ဦးအား ထောက်ပံ့ငွေကျပ်(၄၈၀၀၀၀/-) ကိုလည်းကောင်း၊  စည်ပင်သာယာရပ်ကွက်ရှိ ဘိုးဘွား(၁၂)ဦးအား ထောက်ပံ့ငွေကျပ်(၃၆၀၀၀၀/-) ကိုလည်းကောင်း၊ မြို့မရပ်ကွက်ရှိဘိုးဘွား(၂၂)ဦးအား ထောက်ပံ့ငွေကျပ်(၆၆၀၀၀၀/-) ကိုလည်းကောင်း၊ စုစုပေါင်းထောက်ပံ့ငွေ(၁၉၂၀၀၀၀/-)ကျပ်ကို မြို့ပေါ်(၄)ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးများနှင့်အတူ ဘိုးဘွားများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။


ဂန့်ဂေါမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက်သက်ကြီးဘိုးဘွား(၂၁၉)ဦးရှိပြီး မြို့ပေါ်(၄)ရပ်ကွက်တွင် သက်ကြီးဘိုးဘွား(၆၄)ဦးနှင့် ကျေးရွာအုပ်စု(၁၇)ရွာတွင် သက်ကြီးဘိုးဘွား(၁၅၅)ဦးရှိကာ ထောက်ပံ့ငွေပေးအပ်ရန်ကျန်ရှိသည့် ကျေးရွာ(၁၇)ရွာမှ ဘိုးဘွား(၁၅၅)ဦးအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေ (၄၆၅၀၀၀၀/-)ကျပ်ကို သက်ဆိုင်ရာကျေးရွာတာဝန်ရှိသူများက ဘိုးဘွားများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရှိရသည်။


မောင်မျိုးမင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)