ညောင်လေးပင်မြို့နယ်တွင် လူငယ်များ အသိပညာဗဟုသုတများ ပိုမိုတိုးပွားလာစေရန် လူငယ်စကားဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်လေးပင်မြို့နယ်တွင် လူငယ်များ အသိပညာဗဟုသုတများ ပိုမိုတိုးပွားလာစေရန် လူငယ်စကားဝိုင်းကျင်းပ


MNP   -  ဖေဖော်ဝါရီ ၄

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့၊​ ချောင်းရင်းစံပြကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက် ၁၀ နာရီအချိန်က လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


လူငယ်စကားဝိုင်းတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းနွယ်မှ အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နီနီဝင်းမှ လူငယ်စကားဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် ချောင်းရင်း၊ အခြေခံပညာအထက်တန်းကျောင်း Grade-10 မှ မသီရိဇော်က လူငယ်နှင့်အမှား ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 မှ မနှင်းထက်ထက်နိုင်မှ မိတ်ဆွေကောင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 မှ မောင်မင်းရာစုက လူငယ်နှင့်တန်ဖိုး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 မှ မောင်ထက်လင်းက ဝေဖန်တာလေးတွေ ခဏရပ်ပေးပါ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 မှ မောင်ရဲဇော်​ထွေးက လွမ်း၍ ကျန်ရစ်ပါ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 မှ မောင်ပိုင်ဇေဦးက လူငယ်နှင့်ပညာရေး ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးကြရာ ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးကြကြောင်းနှင့် အဆိုပါစကားဝိုင်းဆွေးနွေးပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာဆရာမများ၊ မိဘဆရာအသင်းဝင်များ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကျောင်းသားကျောင်းသူများ စုစုပေါင်း ၁၅၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)