ကျိုက်ထိုမြို့ အလက (ကျိုက်ပိ) ၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့ အလက (ကျိုက်ပိ) ၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ





MNP   -     ဖေဖော်ဝါရီ ၇

 မွန်ပြည်နယ်ကျိုက်ထိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ အခြေခံ ပညာဦးစီးဌာန၊စာပေချစ် မြတ်နိုးသူများအသင်း(BookClub ) တို့ ပူးပေါင်း၍  စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကို ဖေဖော်ဝါရီ(၇) ရက်နံနက် ၁၀ နာရီတွင် အခြေခံပညာ အလယ်တန်းကျောင်း(ကျိုက်ပိ )၌ကျင်းပပြုလုပ် ခဲ့သည်။


ရှေးဦးစွာ စာပေချစ်မြတ်နိုးသူများ အသင်း အဖွဲ့ဝင် ဦးလှထွန်းက အဖွင့်အမှာ စကား ပြောကြားကြပြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံ ရေးဦးစီး ဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းမော် က ကျောင်းသားကျောင်းသူများအနေဖြင့် ကျောင်းမှ သင်ကြားပေး သည့်  ပညာရပ်များ အပြင် စာအုပ်၊စာပေလေ့လာ ခြင်းအားဖြင့် အသိပညာများ ဖွံ့ဖြိုးလာ၍ အမှား၊ အမှန် ဝေဖန်ပိုင်းခြားလာနိုင်ပြီး ၊ မိမိပတ်ဝန်း ကျင် အား အကျိုးပြုနိုင်မည့် လူငယ်များဖြစ်လာ မည် ဖြစ်ကြောင်းပြောကြားခဲ့သည်။


         ဆက်လက်၍ အလက(ကျိုက်ပိ)မှ မယွန်းအိနန္ဒာ‌ကျော် ၊မစုစုလင်း၊မောင်ရှိန်းလင်းထက် တို့က လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊လူငယ်နှင့်အသိစိတ်၊လူငယ်နှင့်အရက်ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြသည်။


       ယင်းနောက်တက်ရောက်လာကြသော ကျောင်းသားကျောင်း သူများက သိလိုသည်များကိုမေးမြန်း မှုများအပေါ်တာဝန်ရှိသူများက ပြန်လည် ဖြေကြားခဲ့ပြီး အလက (ကျိုက်ပိ)ကျောင်းအုပ်ဆရာမကြီးဒေါ်ဖြူဖြူသင်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။


     အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်စကားဝိုင်း ဆွေးနွေးပွဲသို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများ၊စာပေချစ်မြတ်နိုးသူများအသင်းဝင် များ၊ အလက(ကျိုက်ပိ)  မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ဆရာမများ၊ကျောင်းသားကျောင်းသူများစုစုပေါင်း(၁၂၀)ဦးခန့်တက်ရောက်ခဲ့ကြကြောင်းသိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)